^2^

6.1K 584 16
                                    

"ငါဘူဆန်ကိုလာမလို့"

ထိုစာကြောင်းလေးအားအပြန်အလှန်ဖတ်နေမိ၏။

"လာကြိုဦးနော်"

"အင်းငါလာကြိုပေးမယ်"

Reply လေးအားစောင့်မျှော်နေမိ၏။

"သိပ်ချစ်ဖို့ကောင်းတာပဲ"

စာရိုက်ရင်းဖြင့် နှုတ်ခမ်းလေးဆူမိသည်ကို သူမသိပါချေ။

"ကိုက်ပစ်မှာ"

"အောဟော ဖက်နမ်းပစ်မှာပေါ့လို့"

ရိုက်ရန်စာသားမှာပျောက်ဆုံးလျက်။

လက်တို့သည် အေးခဲရပ်တန့်သွားခဲ့လေပြီ။

အဆမတန် အခုန်မြန်နေသောနှလုံးသားတစ်စုံသည် သူ၏စကားလုံးအနည်းငယ်မျှသာပါဝင်သော ထိုစာသားမှအရင်းခံဖြစ်တည်လာသည်ကို နှလုံးသားကသိပါသော်လဲ ဦးနှောက်က လျစ်လျူရှု့ခဲ့လေပြီ။

"သေအောင်သတ်မှာ"

"ငါကအရပ်ရှည်တယ် မင်းကိုက်နိုင်လို့လား"

မဆိုသလောက်မဲ့ရွဲ့သွားမိ၏။

"မှီတဲ့နေရာ ကိုက်မှာ"

"ငါကလဲ မကိုက်နိုင်အောင်နမ်းပစ်မှာ ဟားဟားဟား"

တစ်ခါတော့ မင်းအနမ်းကိုငါလိုချင်မိတယ်။

မင်းက ငါ့အချစ်တွေရဲ့နတ်ဘုရားတစ်ပါးဖြစ်နေခဲ့ပြီ Park Chanyeol။

မင်းသိနိုင်ပါမလား။

တစ်ကယ်ပါ ရင်ခုန်ခြင်းလို့ထင်မှတ်ခဲ့တယ်။

စိတ်ကစားခြင်းလို့မှတ်ယူခဲ့တယ်။

မင်းရဲ့ချိုသာတဲ့အသုံးတွေကြားနစ်ဝင်ခဲ့တယ်။

ဒါပေမယ့်သိလား။

ငါတစ်ကယ်မင်းကို နှစ်နှစ်ခါခါချစ်နေမိတာ။

                                                              ==================

တစ်ဖွဲဖွဲကျနေသောမိုးရေစက်ကလေးများကြား လက်ကလေးကိုခံကာအေးမြမှု့ကိုခံစားနေသော နတ်သားငယ်။

အကြည်ရောင်ထီးလေးသည် တစ်ကိုယ်စာ လုံခြုံမှု့ကိုပေးစွမ်းသော်ငြား ရေမှုန်ရေမွှားများက ကြည်စယ်လို့နေ၏။

Perfect StrangerWhere stories live. Discover now