^29^

3.1K 468 55
                                    

တစ်ယောက်တည်းပျင်းပျင်းနှင့်လျှောက်လာကာ နေ့လည်စာအတွက် ဘာဝယ်ရမှန်းမသိဖြစ်နေ၏။

Kyung Soo အတွက်ပါတစ်ခါတည်းဝယ်ရမည်မို့ စဉ်းစားနေမိသည်။

Bus car gate ကနေ တွေးရင်းလမ်းလျှောက်လာလိုက်တာ စားသောက်ဆိုင်တွေနားပင်ရောက်လို့နေပြီ။

ဆိုင်ထဲသို့ဝင်လိုက်ပြီး ကောင်တာမှအင်္ဂလိပ်အမျိုးသမီးကြီးအား menu ထဲကသဘောတွေ့သည်များမှာလိုက် မိသည်။

"Please wait your take way"

"Yes Lady"

"Ho ho! Boy you are so bright"

ထိုအမျိုးသမီးကြီးဆီမှပြန်အမ်းငွေယူကာ ရယ်ပြလိုက်မိ၏။

၁၀ မိနစ်လောက်စောင့်ပြီးတော့ မှာထားသည်များရလာသဖြင့် အထုပ်လေးဆွဲကာ ထွက်လာခဲ့လိုက်၏။

ဦးနှောက်ထဲတွင်ပေါ်လာသော Jam ဝယ်ရန် စတိုးဆိုင်လေးသို့ဝင်လာလိုက်သည်။

လက်ထဲကအထုပ်တွေလဲပါတာမို့ ခြင်းလေးယူကာ Jam ရွေးနေတုန်း ကြည့်နေသလိုခံစားရတာမို့ လှည့်ကြည့်မိတော့ နောက်ကျောပေးကရပ်နေသောလူတစ်ဦး။

ဘေးနားကနေဖြတ်မလျှောက်ဘဲ တစ်ဖက်ကနေပတ်ထွက်ကာ ပိုက်ဆံရှင်းပြီးထွက်လာလိုက်သည်။

အနောက်ကလိုက်လာမှာဆိုး၍ လမ်းကြားထဲသို့အမြန်ပင်ချိုးဝင်လိုက်ရ၏။

"ဘယ်အထိလဲ.....ဘယ်အထိကျောခိုင်းပြီးပြေးနေဦးမှာလဲ"

ထိုအသံ......လွန်စွာမှမှတ်မိနေသောထိုအသံ။

"ဟင်!?"

လှည့်ကာကြည့်မိတော့ ကိုယ့်မျက်စိကိုပင်မယုံမိ။

"မတွေ့ရတာကြာပြီနော်"

ပြုံးပြသောသူအားကြောင်၍ငေးနေမိသည်အထိ။ အိပ်မက်ဆိုရင်လဲ အမြန်နိုးထလိုက်စမ်းပါ။

သူသည်အနားသို့ရောက်လာချိန်တွင် အိပ်မက်မဟုတ်မှန်းသိလိုက်ရသည်။

"Chanyeol.........."

"ဘာလို့လဲ ဘာလို့အဝေးဆုံးကိုရွေးပြီးပြေးနေရတာလဲ"

"ငါ ဘယ်တုန်းကမှမပြေးခဲ့ဘူး"

သူ့မျက်ဝန်းတွေအား အသေအချာစိုက်ကြည့်ကာပြောလိုက်မိ၏။

Perfect StrangerWhere stories live. Discover now