^70^

2.1K 255 18
                                    

"ရပြီ ခနနေ လာပို့ပေးမယ်တဲ့"

ပင်လယ်လှိုင်းလုံးများဖြင့်ဆော့ကစားပြီးချိန်တွင် ကျွန်တော်မောပမ်းစွာဖြင့် အနီးရှိတန်းလျားငယ်တွင်ထိုင် နေမိသည်။

Jong Dae သည်လည်း ကျွန်တော့်ပခုံးကိုမှီကာ ထိုင်နေရဲ့။

ဖုန်းဆက်လာဟန်တူသော Sehun ရဲ့စကားကြောင့် ကျွန်တော်တို့နှစ်ယောက်၏အကြည့်များသည် Sehun ထံပါး၌ဝေ့ဝဲလျှက်။

"Delivery လှမ်းမှာလိုက်တာ နေ့လည်စာအတွက်"

နားလည်ဟန်မရှိသော ကျွန်တော်တို့နှစ်ယောက်၏ မျက်နှာသွင်ပြင်ကြောင့် သူသည်ထပ်မံရှင်းပြလာသည်။

"ဘာမှာလိုက်တာလဲ Sehun"

သိလိုဖွယ်ရာရှိသော Jong Dae ၏မေးခွန်းအား ကျောပိုးအိတ်ထဲမှ တစ်စုံတစ်ရာကိုထုတ်နေသော Sehun သည် ဂရုမပြုဘဲဖြေလာ၏။

"Chicken နဲ့ Pizza"

အိတ်ကပ်ထဲမှအချိန်ကိုက်စွာပင်တုန်ခါလာသော ဖုန်းသံကြောင့် ပခုံးပေါ်ရှိ Jong Dae ခေါင်းအား အားနားပါးနာနဲ့ ဖယ်လိုက်ကာ မလှမ်းမကမ်းသို့ ထွက်လာလိုက်သည်။

"Imm Chanyeol"

"ဖုန်းပြောလို့အဆင်ပြေရဲ့လား Baekhyunee"

တစ်ဖက်အား လေးစားသမှု့ပြုကာမေးလာသော တစ်စိမ်းသူ၏အမေးစကားသည် လူကြီးလူကောင်းဆန်လွန်းလှ၏။

"ပြောလေ ရပါတယ်။ အရေးတကြီးအကြောင်းများရှိလို့လား Chanyeol"

"အဲ့လိုရယ်တော့မဟုတ်ပါဘူး ငါ ဒီအတိုင်း မင်းကိုသတိရလို့ပါ"

လှိုင်းသံများအပြင် ပင်လယ်လေများ၏တိုက်ခတ်မှု့ကြောင့် ပတ်ဝန်းကျင်သည် အနည်းငယ်ဆူညံသော်ငြား တစ်စိမ်းသူ၏အသံအား ကျွန်တော့်နားထဲဝယ် ပြတ်သားကြည်လင်စွာ ကြားနေရ၏။

ထို့အတူ ကိုယ့်အား သတိရနေပေးသည်ဆိုတဲ့ အကြောင်းပြချက်ကြောင့် ကျွန်တော်ဟာ ဝမ်းသာပီတိဖြစ်မိပြန်သည်။

"ငါ မင်းအပြောတွေကြောင့် မနေတက်တော့ဘူး Chanyeol"

"ငါ အမှန်တိုင်းပြောတာပါ Baekhyunee။ ပျော်ရဲ့လား Baekhyunee"

Perfect StrangerWhere stories live. Discover now