တက်ကြွသောခြေလှမ်းတွေကြောင့် လူကိုယ်တိုင်ပင် မြောက်ကြွမြောက်ကြွဖြစ်နေလောက်မည်ထင်၏။
ပထမဦးဆုံးကျောင်းဖွင့်ရက်ဖြစ်တာကြောင့် အများသူငှာတက်ကြွခြင်းမရှိသော်ငြား ကျွန်တော်တက်ကြွလို့နေခဲ့တယ်။
"Jong Dae!!"
"Awww Chanyeol ဒီကိုကိစ္စရှိလို့လား"
"အင်း ဆိုပါတော့ "
ပြုံး၍သာပြောလိုက်၏။
"လာလေ ထိုင်ဦး"
"အတန်းမတက်ဘူးလား"
Jong Dae နှင့်မျက်နှာချင်းဆိုင်ခုံတွင်ဝင်ထိုင်လိုက်ကာ အမြဲတွေ့ရတက်သည့်လူသားအားရှာနေမိ၏။
"အေး တစ်ယောက်တည်းဆိုတော့ပျင်းလို့ ခဏနေမှ သွားမှာ"
"ဩော်...ဒါနဲ့ Baekhyun ရော"
"ဖုန်းဆက်တာ ဝင်နေပေမယ့်မကိုင်ဘူး။ Oh Se ကိုမေးကြည့်လေ သူက ငါ့ထက်ပိုသိတယ်"
လက်ကနာရီကိုကြည့်မိတော့ ကျွန်တော် Jong Dae နားထိုင်နေသည်မှာ မိနစ်၂၀လောက်ရှိပြီ အခုချိန်ထိ အရိပ်ယောင်တောင်မမြင်ရသေးပါချေ။
"မင်းလုပ်စရာရှိတာသွားလုပ်လေ။ ငါက ဒီမှာထိုင်နေဦးမှာ"
"အင်း အဲ့ဒါဆိုငါသွားဦးမယ်"
ကျောပိုးအိတ်အားလွယ်ကာ ထိုနားမှထွက်လျှက် ရင်းနှီးနေဖူးသည့် ကျောင်းဝန်းထဲ၌ တစ်စုံတစ်ယောက်ကို ပတ်ရှာနေခဲ့သည်။
ထိုတစ်စုံတစ်ယောက်အားမတွေ့ခဲ့ပါချေ။
မခေါ်တာကြာပြီဖြစ်သောဖုန်းနံပါတ်လေးအားခေါ်လိုက်၏။
"ကိုင်လိုက်ပါ Baekhyun ရာ ကျေးဇူးပြုပြီး"
ဆုတောင်းတွေဟာမပြည့်ဝခဲ့ပါ။
မနားတမ်းခေါ်နေသောဖုန်းလေးမှာ နာရီများစွာကြာသည့်ထိအောင်ကိုင်သူမဲ့လျှက်ပင်။
တစ်စုံတစ်ယောက်၏ ဖုန်းလေးက အိပ်ခန်းထဲက အံဆွဲထဲဝယ် ပိုင်ရှင်ကိုယ်တိုင် သိမ်းထားကာ ထားရစ်ခဲ့သည်ကို Chanyeol မသိခဲ့ပါချေ။
□□□□□□□□□□□
ကျောင်းဖွင့်ဖို့ တစ်ပတ်အလိုထဲရောက်နေခြင်းဖြစ်သည့်အတွက်ကြောင့် ဘာမှလုပ်စရာမရှိပေ။ ကျောင်းဝန်းထဲ ဟိုပတ်ကြည့်လိုက် ဒီပတ်ကြည့်လိုက် တစ်ခုခုခူးဆန်းတာတွေ့လျှင် ဓာတ်ပုံရိုက်လိုက်နှင့် အချိန်တွေသာဖြုန်းနေရ၏။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]