^3^

4.6K 554 1
                                    

^အရမ်းချစ်ဖို့ကောင်းလာတယ်^

ဖုန်း screen တွင် လင်းခနဲတက်လာသော noti။

နှလုံးသားဟာလဲဝုန်းတိုင်းကျဲလျက် လက်တို့သည်လဲတုန်ယင်နေခဲ့၏။

သူ...။

အမြင်မှားသည်ထင်၍ မျက်လုံးနှစ်ဖက်အား ဖိပွတ်မိပါ၏။

အမှန်တစ်ကယ် သူဖြစ်နေခဲ့သည်ပင်။

အချိန်တွေအကြာကြီး အသားကျအောင်ကြိုးစားနေခါမှ ရူးအောင်ပြန်ပြုစားပြန်ပါလား တစ်စိမ်းသူရယ်။

^ကျေးဇူးပဲ^

ထိုစာလုံး သုံးလုံးကို ကျွန်တော်မနဲကြိုးစားပြီးရေးလိုက်ရ၏။

အားလပ်ရက်ဖြစ်မည်ထင်သည်။ ကျွန်တော့်တူမလေးနဲ့ ထွက်လည်တုန်းက အမှတ်မထင်ဖြစ်သွားသည့် snap ပုံလေးအား တင်ထားသည်ကို သူသည်တွေ့ရှိသွားခဲ့သည်။

လူမှု့ကွန်ယက်ဆိုတဲ့အရာကြီးကို မေတ္တာပို့မိပါ၏။

သူ့ဆီကိုများတစ်ကူးတစ်က ရောက်သွားလေသလားဆိုသော သံသယဖြင့်။

သူ့ကိုမျက်ကွယ်ပြုနိုင်အောင် ရင်အကွဲခံပြီးကြိုးစားနေသည်ကို တစ်စိမ်းသူ သိလျှင် လှောင်ရယ်လောက်မည်ထင်၏။

ဩော်....တစ်စိမ်းသူရယ် ငါ့ကိုထပ်ပြီးမပြုစားပါနဲ့တော့။

ရင်တွေလဲနာကျင်လွန်းလှပြီ။

"Baekhyunee ..."

"အော Chen ပြောလေ"

"မင်းငိုနေတာလား"

"ဟင်! မငိုပါဘူး ဘာလို့လဲ"

"မျက်ရည်တွေဝဲနေလို့လေ"

ကိုယ်တိုင်တောင်မသိလိုက်ဘဲ တစ်စိမ်းသူအတွက် မျက်ရည်များ သွန်းမိပါသည်လား။

"အာ စောနက game ဆော့တာများသွားလို့ မျက်ရည်ပူတွေကျတာနေမှာပါ"

တစ်စိမ်းသူအတွက်ဆို ကျွန်တော်ဟာ မုသားကို ပါးနပ်စွာ သုံးတက်နေခဲ့ပြီ။

"ညနေ pizza သွားစားရအောင် အားတယ်မှတ်လား"

"အော အဲ့ဒါက"

"မအားလဲ လိုက်ခဲ့ မင်းဘာမှလုပ်စရာမရှိဘူးဆိုတာငါသိတယ်"

Perfect StrangerWhere stories live. Discover now