^56^

2.1K 334 33
                                        

"Baekyunee...Baekhyunee ထဦး လာဒီဘက်မှာလာအိပ်"

လက်မောင်းကနေအသာလှုပ်နှိုးနေသောခံစားချက်နှင့်အတူ ကျွန်တော့်နာမည်အား တစ်စုံတစ်ယောက်က ခေါ်နေ၏။

"အွန်......."

"လိမ္မာတယ်နော် Baekhyuneeလေးက ထဦး"

ပူးကပ်နေသောမျက်တောင်နှစ်ခုသည်မည်သို့မျှဆွဲခွာ၍မရသလို မြင်ကွင်းတို့သည်အမှောင်အတိ။

"ဟင့်!"

အသံထွက်ဖို့ရာပင်အားယူမရသော ပါးစပ်သည် အလုပ်တာဝန်ကင်းမဲ့နေသလိုပင်။

ခံစားထိတွေ့နေမှု့အားမသိစိတ်ကသိနေသော်ငြား လက်တွေ့တွင်မည်သည့်တုန့်ပြန်မှု့မျှမပြုလုပ်မိဘဲ ငြိမ်သက်လျှက်သာ။

"ဟား! အိပ်ပုတ်လေး"

ကျွန်တော့်ပါးအားထိတွေ့လာသောလက်နွေးနွေးကြောင့်ပို၍ပင်အိပ်မက်ကမ္ဘာထဲတိုးဝှေ့နေမိသည်။

"သေချာကိုင်ထား ပွေ့သွားပေးမယ်"

ခန္ဓာကိုယ်သည်လေထဲမြောက်သွားသလိုခံစားနေရသည်မို့ အသိစိတ်သည်အနည်းငယ်ကပ်ငြိလာချိန်တွင် ဖိကပ်နေသော မျက်ဝန်းများသည် အမှောင်ထုအစား ဝေဝေဝါးဝါးသာ မြင်နေရ၏။

တစ်စုံတစ်ယောက်ကကျွန်တော့်အနောက်ဖက်တွင်ရပ်နေသည်ထင် ထိုလူ၏ရင်ဖက်နှင့် ကျွန်တော့်ခန္ဓာကိုယ်သည် ပူးနေသယောင်။

"ဘယ်သူတုန်း~~"

ရယ်သံတိုးလျလျကြားလိုက်ပြီးသည့်နောက် ကျွန်တော်သည်နွေးထွေးသောခပ်အိအိမျက်နှာပြင်သို့ကျောဖြင့် ကပ်သွားချေပြီ။

"မမြင်ရဘူး~ ဘယ်သူလဲဆို!"

ကျွန်တော့်စူအောင့်အောင့်အသံတွေကြောင့် ရယ်သံခပ်ဖွဖွသည်ထွက်ပေါ်နေသယောင်။

"မွ! အိပ်တော့ အူဝဲလေး~"

ကျွန်တော့်ပါးကထုံနေတာလားမသိဘူး အိစက်စက်အရသာကြီးခံစားလိုက်ရသည်။

"အင်း အိပ်.......ပြီ"

လေးလုံးမကွဲသောကျွန်တော့်အသံတွေသည် ကိုယ်ပေါ်သို့လွှမ်းမိုးသွားသောအနွေးဓာတ်တစ်ခုနှင့်အတူ ရင်ဘတ်ကို ခပ်ဖွဖွပုတ်ပေးနေမှု့များကြောင့် အလိုအလျှောက်ပိတ်သွားလေပြီ။

Perfect StrangerWhere stories live. Discover now