^57^

2.2K 342 65
                                    

"Ring....ring...ring"

တုန်ခါနေသောဖုန်းသည် မိမိအိပ်စက်ရာ ခေါင်းအုံးဘေး၌မြည်နေတာကြောင့် အားကုန်နေသောလက်အစုံကို နားငြီးမှု့သက်သာစေရန် အမြန်စေလိုက်သည်။

လေးကန်နေသောမျက်ခွံများအားအသာဖွင့်ကာ ဖုန်းကိုင်လိုက်ရ၏။

"ဟဲလို...."

"အိပ်ပုတ်ကလေး morning"

"Omm morning~"

မိမိအသံသည် အိပ်ချင်မှု့ရာခိုင်နှုန်းများနေတာကြောင့် တစ်ဖက်မှတစ်စိမ်းသူသည် ခပ်ဖွဖွရယ်ကာ သဘောကျနေသယောင်။

"နာရီဝက်ပြန်အိပ်လိုက် ၇ နာရီခွဲရင် ပြန်နှိုးပေးမယ်"

"Imm..."

လေးလုံးမကွဲသောအသံများနောက်တွင် ကျွန်တော်သည် ဖုန်းပင်မချနိုင်ပဲ ပါးနားကပ်ကာ အိပ်ပျော်လို့သွားခဲ့ချေပြီ။

တစ်ဖက်ကတစ်စိမ်းသူသည် ဖုန်းမချဘဲကိုင်ထားလျှက်ကိုတော့ အိပ်ပျော်နေသူလေးမသိပါချေ။

"အူဝဲလေး ထတော့ကွာ နာရီဝက်ပြည့်ပြီ"

နားတွင်ကြားလိုက်ရသောအသံကြောင့် ဖျက်ခနဲမျက်လုံးကပွင့်သွားသလို ဒုတ်ခနဲခုန်သွားလေသော နှလုံးလေး။

"ဒီတစ်ခါ တစ်ကယ် morning"

"ဟားဟား မျက်နှာသစ်တော့ ပြီးရင် မနက်စာကိုကောင်းကောင်းစား"

"ငါက ကလေးလား!"

စူအောင့်စွာပြောလေသော ကျွန်တော့်အသံကို တစ်စိမ်းသူက အကြင်နာတွေပိုနေသယောင်။

"ကလေးမဟုတ်ပါဘူးကွာ အူဝဲလေး"

သိမ့်ခနဲခုန်သွားသောနှလုံး၏အသံသည် ကျယ်လောင်လာသလို ကျွန်တော့်မျက်နှာတွင်လည်း ကျေနပ်ရိပ်များသမ်းကာ ပြုံးနေမိသည်။

"မနက်စောစောစီးစီးကွာ"

"မနက်ဖြန် date လုပ်မှာနော် မမေ့နဲ့ဦး"

"အင်းပါ"

"နှစ်သစ်ကို တူတူကြိုဆိုရအောင်"

"ဒါပေါ့ အခုတော့မျက်နှာသစ်တော့မယ်"

"ကောင်းပါပြီဗျာ"

Perfect StrangerWhere stories live. Discover now