အေးမြသောဆောင်းရာသီ၏အအေးဓာတ်အား ပျက်ပြယ်သွားအောင် စွမ်းဆောင်နိုင်သော ကော်ဖီနံ့သင်းသင်းလေး။
အဝါရောင်မီးလုံးလေးတွေသာထွန်းထားသည်ကြောင့် ဆိုင်လေးသည် သာမာန်ထက် နွေးထွေးသယောင်။
ထို့အတူ တစ်စတစ်စ တိုးညှင်းစွာထွက်ပေါ်လာသော အနောက်တိုင်းအဆွေးသီချင်းလေး။
မကြာသေးမှီကမှပြီးဆုံးသွားသော Chirstmas သစ်ပင်ကြီးသည်လဲ ယခုတိုင် ဆိုင်ထောင့်တွင် ကျန်ရှိနေသေးသည်။
ဆောင်းအငွေ့သက်တွေကိုခံစားရင်း ရှေ့၌နေရာယူထားသော ခပ်နွေးနွေးလီမွန်တီးခွက်လေးအားကိုင်ကာ မွှေးရနံ့အချို့ကိုရှုရှိုက်လိုက်၏။
အေးစက်စက်လက်ချောင်းများသည် ကျွန်တော့်မျက်လွှာပေါ်ဖုံးအုပ်သွားခဲ့၏။
"ဘယ်သူလဲ??"
"အသံထွက်နေတော့ ငါက မှန်းရတာလွယ်တာပေါ့ကွာ"
ထိုအခါမှ အသာဖိအုပ်ထားသော လက်တို့ကိုဖယ်ပေးလျှက် အရှေ့တွင်လာထိုင်လေသော Sehun။
"ပြောပါဦး မပြောမဆို ခရီးထွက်သွားရတဲ့အကြောင်းလေး"
"Chirstmas trip လေးပါကွာ hyunee ရာ မိသားစုနဲ့မသွားရတာကြာလို့"
"အခုကော အားပြီလား"
"အားပြီ Chirstmas အကြွေးကို new year မှာဆပ်မယ်ကွာ"
"Cool! ပတ်ပြေးလို့ကတော့ ငါနဲ့တွေ့မယ် Oh Se"
ကျွန်တော့်စကားကြောင့် Oh Se ဟာ မျက်လုံးတွေမှိတ်သွားသည်အထိရယ်နေလေရဲ့။
"နေဦး hyunee ငါ မင်းကို Chirstmas လက်ဆောင်ပေးရဦးမယ်"
"မင်းလက်ဆောင်က expire ဖြစ်နေပြီလေကွာ"
ကျွန်တော့်စကားကို မှုန်ကုပ်ကုပ်ကြည့်လာလေ၏။
"တစ်သက်လုံး expire မဖြစ်စေရဘူးကွာ ငါ အာမခံတယ် ဟုတ်ပြီလား"
"အေးပေါ့ ငါမင်းကျေနပ်အောင် Chirstmas mood သွင်းပေးပါ့မယ်ကွာ။ Merry Chirstmas Sehun~"
"Byun hyunee တို့ကတော့လေ"
မနိုင်ဘူးဆိုသည့်အကြည့်များဖြင့် ခေါင်းခါနေသော Oh Se။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]