^65^

1.9K 304 54
                                        

Jong Dae နဲ့စကားပြောနေရင်း Minseok hyung round လှည့်ကာ ဆေးပေးခဲ့သည်မို့ ကျွန်တော်ဆေးသောက်ပြီး အနားယူလိုက်တာ အခုဘယ်အချိန်ရှိပြီလဲမသိ။

မျက်လုံးဖွင့်ကြည့်တော့ ခြေရင်းကစားပွဲပေါ်တွင်ရှိနေသော အိတ်လေးနှစ်အိတ်။

တိတ်ဆိတ်နေသောအခန်းအနေအထားအရ ကျွန်တော်တစ်ယောက်ပဲရှိတယ်ထင်။

"နိုးလာပြီလား Baekhyunee"

တစ်စိမ်းသူသည် ကျွန်တော်မမြင်မိသည့်အကွယ်ဘက်မှနေ၍ထွက်လာခဲ့၏။

"ငါ အရမ်းကြီးအိပ်ပျော်သွားတာလား"

ကျွန်တော့်ကိုထူပေးရင်း ရေတစ်ခွက်ကမ်းပေးလာသော တစ်စိမ်းသူ။

"ဟင့်အင်း မကြာပါဘူး"

"အခုဘယ်နှစ်နာရီရှိပြီလဲ Chanyeol"

"ညနေ ၆ နာရီ"

"အာ ငါအတော်အိပ်ပျော်သွားမိတာပဲ"

"ခနနေ ညနေစာစားတာပေါ့"

"အင်း။ ဗိုက်ဆာနေပြီလား Chanyeol"

"သိပ်မဆာသေးပါဘူး။ ဒါနဲ့ ငါ အသားမုန့်ညှင်းထုပ်လေးလုပ်လာခဲ့တယ်။ စားလို့တော့အဆင်ပြေမယ်ထင်တယ်"

"ပင်ပန်းသွားရပြီ"

ကျွန်တော်ပြုံးကာပြောလိုက်တော့ တစ်စိမ်းသူသည် သဘောတကျလိုက်လံပြုံးလျှက်။

"ငါပြင်လိုက်တော့မယ်နော်"

ကျွန်တော်ခေါင်းငြိမ့်ပြလိုက်တော့ စားပွဲပေါ်ကအထုပ်လေးတွေပြေးယူကာ တစ်ဖက်ကခုံပေါ်ခင်းပေး၏။

သီးသန့်ခန်းဖြစ်တာကြောင့် ဧည့်သည်ထိုင်ရန်နေရာနှင့်စားပွဲပါတွဲလျှက်။

ကျွန်တော်တစ်ဖက်ခုံ၌ဝင်ထိုင်တော့ တစ်စိမ်းသူသည် ကျွန်တော်နှင့်မျက်နှာချင်းဆိုင်ထိုင်နေ၏။

"အသားလေးစားနော် အိအိလေးဖြစ်အောင် သေချာလုပ်လာခဲ့တယ်"

"မင်းရောစား Chanyeol"

အထုပ်လိုက်လေးဖြစ်နေသောမုန့်ညှင်းအသားထုပ်လေးအား တစ်စိမ်းသူပန်းကန်လေးထဲထည့်ပေးလိုက်သည်။

"စားလို့ကောင်းလား Baekhyunee"

ကျွန်တော်ဖြေးဖြေးချင်းဝါးနေသည်ထိုင်စောင့်ကာ မေးနေလေသော Chanyeol။

Perfect StrangerWhere stories live. Discover now