^33^

3.2K 436 20
                                        

Night stand ပေါ်က ပန်းစည်းလေးကိုသာ ညိုတိုတိုတိုဖြစ်နေသောပါးလေးကိုင်ပြီး ပြုံးလျှက်ထိုင်ကြည့်မိနေသည် မှာပြန်ရောက်ထဲကပင်။

ထိလိုက်တိုင်းစပ်ဖျင်းဖျင်းဖြစ်သွားသောပါးလေးသည် ရင်ခုန်မှု့အပေါင်းအားဆောင်ကျဉ်းလေရဲ့။

ကိုယ်မထင်မှတ်ထားသည့်ကိစ္စများသည် လျှပ်တစ်ပြက်အတွင်းဖြစ်သွားသော်ငြား အခုထိမယုံနိုင်သေးပေ။

ကိုယ့်အတွေးနဲ့ကိုယ် တွေးရင်းတွေးရင်း သဘောအလွန်ကျနေမိသည်။

^Chanyeol ဒီနေ့ကောအခြေအနေဘယ်လိုလဲ^

သိချင်စိတ်တွေပြင်းပြနေသော Jong In massage ကိုပင် reply မပြန်နိုင်သေး။

ကြာတော့ စိတ်မရှည်တော့သည်ထင် Video call ခေါ်လာလေ၏။

"Chanyeol ဘယ်လိုလဲ"

"ငါအထိုးခံလိုက်ရတယ်"

ဘယ်ဘယ်ပါးအားပြလိုက်တော့ အံ့ဩတကြီးဖြစ်သွားသော Jong In ရယ်ပါ။

"အထိုးခံရတဲ့ထိအောင်မင်းက ဖွင့်ပြောလိုက်လို့လား"

"အေး ဟုတ်တယ် ငါ လမ်းလယ်ခေါင်မှာအကျယ်ကြီးအော်ပလိုက်တာ"

"ဟာ! အထိုးခံရတာတောင်နည်းသေး ငါ သာဆို သေအောင်သတ်ပစ်ခဲ့မှာ"

"အဟိ!"

"Chanyeol မင်း အထိုးခံရတာ ခေါင်းပါ ထိသွားတာလား"

"ငါ့ကို သူဘာပြောတယ်မှတ်လဲ"

"ဘာပြောလဲ"

လှုပ်လှုပ်ရွရွဖြစ်နေသော တစ်ဖက်ဖုန်းထဲက Jong In ကို အောင်နိုင်သူအပြုံးကြီးပြုံးပြလိုက်ကာ

"သူကလဲငါ့ကိုချစ်တယ်တဲ့"

"အဆန်း! ချစ်တယ်လဲပြောသေး အထိုးလဲခံလိုက်ရသေး"

"တန်ပါတယ်ကွာ"

"အေးပါ မင်းအဆင်ပြေရင်ပြီးတာပဲ။ ဒါနဲ့ မင်း ဒီကို ဘယ်တော့ပြန်ကြွလာဖို့စိတ်ကူးတုန်း"

"စိတ်ထဲကိုမရှိတာ"

သူ တစ်ကယ်ပင် မပြန်ချင်ပေ။

Baekhyunee က သူ့ကိုချစ်ကြောင်းသိသွားသည့်အတွက် ပိုလို့ပင် မပြန်ချင်သေးပေ။

Perfect StrangerWhere stories live. Discover now