^46^

2.5K 357 25
                                    

ကျွန်တော်အခုဆုပ်ကိုင်ထားသော လက်ပိုင်ရှင်သည်သာ ကျွန်တော့်လက်တွဲဖော်ဖြစ်ရပါစေသား။

မျက်စိနှစ်ဖက်မှိတ်ကာတောင်းဆုပြုပြီးသည့်နောက် မျက်လုံးများပြန်ဖွင့်လာချိန်တွင် သူသည် ကျွန်တော့်အား ငေးမောနေခဲ့လေသည်။

"အေးလာပြီလား"

နှင်းမှုန်အနည်းငယ်တင်နေသော ချစ်ရသူ၏ ရွှေဝါရောင်ခပ်ဖျော့ဖျော့ ဆံနွယ်လေးအား ခါပေးမိတော့ ပြုံး၍သာငြိမ်ခံနေ၏။

"လာလေ သွားရအောင် Baekhyunee"

ကိုင်ထားမြဲလက်တစ်ဖက်အား ပို၍ အားထည့်ကာဆုပ်ကိုင်လိုက်ပြီး အင်္ကျီအိတ်ကပ်ထဲသို့ ထည့်ထားလိုက်မိသည်။

ကျွန်တော်ချစ်ရသူ အေးနေမှာစိုးလို့ပါ။

"Chanyeol..."

ဘယ်အချိန်ပဲဖြစ်ဖြစ် ချစ်ရသူကထိုသို့ခေါ်လိုက်လျှင် နွေးခနဲဖြစ်သွားသော ကျွန်တော့်နှလုံးသား။

"အွန်း ပြောလေ"

"ညဈေးဘက်သွားရအောင် Chanyeol ငါ မရောက်တာကြာပြီ"

"သွားကြတာပေါ့"

ထိုအတိုင်းပင်ဆက်သွားတော့ ချစ်ရသူသည် လက်ကို အနည်းငယ်ရုန်းလာလေ၏။

သူ မနှစ်သက်လေဘူးလား။

"ဘာဖြစ်လို့လဲ Baekhyunee"

"အခုလိုသွားတာ မင်းကိုထိခိုက်မှာစိုးလို့"

သူပြောသည့်အဓိပ္ပါယ်ကို ကျွန်တော်ကောင်းကောင်းနားလည်သည်။

"ဒီမှာလဲ အဆင်ပြေပါတယ်ကွာ တွေးပူမနေနဲ့"

"ဒါပေမယ့် ဒါက အနောက်နိုင်ငံမှမဟုတ်တာ ဟိုမှာဆို လမ်းလည်ခေါင် sex လုပ်နေလည်း ဒီအတိုင်းပဲ လှည့်ကြည့်သွားတယ် ပြီးရင်စိတ်ထဲရှိတော့မှာမဟုတ်ဘူး။ ပြီးတော့ ငါ့ကို အနောက်နိုင်ငံကနေပြန်ရောက်ပြီး ရိုင်းတယ်လို့ထင်သွားမှာထက် မင်းအပေါ်ကို ငါကြောင့်သက်ရောက်လာမယ့် ကိစ္စတွေကို ငါအတက်နိုင်ဆုံးရှောင်ချင်တယ် Chanyeol"

သူနေခဲ့တဲ့ London မှာ ပတ်ဝန်းကျင်ကပွင့်လင်းပေမယ့် ဒီက ပတ်ဝန်းကျင်ပွင့်လင်း တယ်ဆို တာနဲ့ ယှဉ်လို့ပင် မရချေ။

Perfect StrangerOnde histórias criam vida. Descubra agora