"အော Jong Dae ya"
"အပြင်သွားရအောင်လေ မင်းအမေပြောတာ မင်းနေမကောင်းဘူးဆို"
စိတ်ကနေမကောင်းခဲ့တာပါ။
"အင်း...သွားလေ"
"ကော်ဖီဆိုင်သွားမလား "
"ငါသိထားတဲ့ဆိုင်လေးရှိတယ် လိပ်စာလှမ်းပို့လိုက်မယ်နော်"
"အေးအေး"
အတိတ်တွေမှာပြန်နစ်မြောချင်မိတယ်။
တစ်ချိန်တစ်ခါက သူနဲ့အတူ ထိုင်ဖူးခဲ့သော ဆိုင်လေး။
Jong Dae အားထိုင်စောင့်ရန် စားပွဲရွေးမိရာ မထင်မှတ်စွာပင် သူနဲ့အတူထိုင်ခဲ့ဖူးသော မှန်တွေကန်ထားသည် ပြတင်းပေါက်နားက စားပွဲလေး။
Pillon နဲ့ Strawberry mixshake လေးအားကျွန်တော်မှာလိုက်မိသည်။
ဖုန်းလေးထုတ်ကာ ဘာရယ်မဟုတ် သူများ post လေးတင်မလားဟု ကျွန်တော်မျှော်လင့်နေဆိုရင် ယုံကြမလား။
တစ်ကယ်တော့ ကျွန်တော် သူ့ကိုမျှော်လင့်နေခဲ့တာပါ။နေ့တိုင်းလိုလိုဝင်ကြည့်မိသော သူ့ social acc တွင် Sehun tag ထားသော post တစ်ခု။
ကမ်းခြေဖြစ်ဟန်တူသည်။ ပင်လယ်ပြာကြီးအား နောက်ခံထားကာ အစွမ်းကုန်ပြုံး၍ လှိုင်းလုံးများအားကြည့်နေသော သူ။ ပင်လယ်ကြီးနဲ့အလှချင်းပြိုင်လားဟုပင် မှတ်ယူရလောက်၏။
#2 years ရှိသွားပြီနော်
ထိုမျှသာပါသော caption တစ်ခုသည် ကျွန်တော့်အားအသက်ရှုကြပ်သွားလောက်လိမ့်မယ်ဟု မထင်ခဲ့ရိုးပါ။
တစ်ဆက်တည်းမှာပင် သတိရမိသည်က Oh Sehun နှင့် သူ့အား စနောက်ကြသည်ကို ကျွန်တော်ဒေါသထွက်ခဲ့ဖူး သည်။သူ့အားလဲ ထိုသို့အနေနီးမှု့ကိုသဘောမကျကြောင်း အဓိပ္ပါယ်မဲ့စွာပြောခဲ့ဖူးသည်။
ထိုအဓိပ္ပါယ်သည် ကျွန်တော့်အားယခုချိန်မှသဘောပေါက်ခဲ့သည်ကို သူကတော့ သိမည်မဟုတ်ချေ။ ယခင်ချိန်တုန်း က ခံစားချက်တွေအား နားလည်မှု့မရှိသေးသည့်အရွယ်တွင် ထိုသို့ပြုမူမိခဲ့သည်။ ယခုများတော့ ခံစားချက်များအား နားလည်လာချိန်တွင် မည်သို့ပြုမူလိမ့်မည်နည်း။
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]