ဆေးရုံမှတာဝန်ရှိသူများ ကိစ္စများပြီးသွားသည့်တိုင်အောင် ကျွန်တော်ကြောင်အစွာ ကြမ်းပြင်၌ မလှုပ်မယှက်ထိုင်နေမိ၏။
မိစုံဖစုံ ၊ အဖိုးအဖွား အစုံဖြင့်နေခဲ့ရသောကျွန်တော့်ဘဝသည် အဖိုးဆိုသော တစ်နေရာ လစ်ဟင်းလို့သွားခဲ့လေသည်။
ကျွန်တော့်နည်းတူ ကြမ်းပြင်အားလက်နဲ့ထုကာ အော်ဟစ်ငိုယိုနေသော Omma ။
ကျွန်တော် နှစ်သိမ့်ပေးဖို့ရာ မစွမ်းဆောင်နိုင်ခဲ့ပါ။
အငယ်ဆုံးသမီးဖြစ်သော Omma သည် ဖိုးဖိုး၏ အချစ်အားများစွာ ရခဲ့သူမို့ ဖြေမဆည်နိုင်ပေ။
မနေ့ကထိ ထူထူထောင်ထောင်နှင့် စကားတွေပြောနေခဲ့သည်မှာ ကျွန်တော့်မျက်မြင်ပင်။
လူ့ဘဝကြီးက သိပ်ဆန်းကြယ်တာပဲ။
နာရေးအခန်းအနားအား ခန်းမတွင်ပြင်ဆင်ပြီးသည်အထိ ကျွန်တော်ဟာ စိတ်နဲ့လူနဲ့ကပ်မနေခဲ့ပါ။
ပန်းဖြူဖြူတွေကြား အနက်ရောင်ဖဲကြိုးဖြင့်စီးထားသော ဖိုးဖိုး၏ ဓာတ်ပုံသည် ကျွန်တော့်အတွက် လွန်စွာအကျည်းတန်လှပါ၏။
အနက်ရောင်ဝတ်ထားသောသူများ လာရောက်ဂါဝရပြုကြသည်ကို ကျွန်တော်ဂရုမပြုမိ။
ခန်းမထောင့်လေးတွင် ကျွန်တော်ငြိမ်သက်စွာပင်ထိုင်နေမိ၏။
ထို့အတူ စစ်ဆေးမှု့တွေရှိနေသော hyung သည် နောက်ဆံတင်းစွာ ထွက်ခွာသွားသည်ကိုလဲ ကျွန်တော်မသိ။
ကျိန်းစပ်နေသောမျက်ဝန်းတစ်စုံသည် ငိုဖို့ရာ မျက်ရည်များကုန်ခမ်းလို့သွားလေပြီ။
လေတိုက်လျှင်ပင် လဲနိုင်ဖွယ်ရှိသော ကျွန်တော်သည် အားတင်းကာ ဖုန်းcall တစ်ခုကိုခေါ်နေမိ၏။
"Chanyeol ya..."
"ဘာဖြစ်လို့လဲ Baekhyun"
"ငါ သိပ်ပင်ပန်းနေပြီ"
"ဘာဖြစ်တာလဲ Baekhyun ငါ့ကိုစိတ်ပူအောင်မလုပ်ပါနဲ့ကွာ"
"ငါ..ငါ့အဖိုးဆုံးသွားပြီကွ"
"Imm"
"တောင်းပန်ပါတယ် မင်းအချိန်တွေကိုငါ့ရဲ့အပူပင်တွေကူးအောင်လုပ်မိလို့"

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]