^71^

2.2K 236 16
                                    

မှောင်ရီပျိုးစပြုလာသော ကောင်းကင်ယံသည် လွမ်းဆွတ်မှု့တစ်စုံတစ်ခုအား ခံစားရသလိုပင်။

လူခြေတိတ်နေပြီဖြစ်သောကမ်းစပ်တွင် ငြိမ်သက်စွာထိုင်နေသည့်သူမှာ ကျွန်တော်တို့ သုံးယောက်မှလွဲ၍ မည်သူမျှမရှိသလောက်ပင်။

နေရောင်အောက်တွင် ဆူညံစွာပြေးလွှားဆော့ကစားနေခဲ့ကြသောသူများမှာ ကျွန်တော်တို့ပင် ဟုတ်ပါလေစွဟု ပြန်မေးနိုင်လောက်အောင်ပင် တိတ်ဆိတ်စွာ ငေးတွေးနေခဲ့ကြသည်။

နီးစပ်ရာ Hotel ၌ အခန်းယူကာ ဆော့မဝနိုင်သော ဤ ကမ်းစပ်တွင်ထိုင်နေခဲ့သည်မှာ နေ့တစ်ပိုင်းပင်ရှိနေခဲ့လေသည်။

ညစာဟု အမည်တပ်စရာပင်မရှိလောက်သည့် အသေးအဖွဲ သောက်စရာနှင့်မုန့်အချို့သည်သာ အေးစက်စက်သဲပြင်ပေါ်တွင် နေရာယူထားလျှက်။

လှိုင်း၏ရိုက်ခတ်သံသည် စစခြင်းကြားရချိန်လောက် နားဝင်မဆိုးတော့ပေ။

အတွေးကိုယ်စီဖြင့် ငေးတွေးနေခဲ့သော လူသုံးယောက်အနက် ကျွန်တော်သည် ရောက်တက်ရာရာတွေးတောခြင်း မပြုလုပ်ခဲ့ပါဘဲ တစ်စုံတစ်ယောက်ကိုသာ ဦးတည်၍ နှလုံးအိမ်ပင် တုန်လှုပ်သွားအောင် တွေးတောနေခဲ့သည်။

မည်သူ တစ်စုံတစ်ဦးမှ ဝင်ကြည့်၍မရသော တွေးတောခြင်းကို ကျွန်တော်လွန်စွာမှ ခုန်မင်မိသည်။

အဘယ့်ကြောင့်ဆိုသော် ကျွန်တော်သည် ထိုအတွေးများ၌ သူစိမ်းသူအား မည်သို့မည်ပုံဆိုသည့်အနေအထား ရောက်အောင် တွေးတောနေမိခြင်းကြောင့်ဖြစ်သည်။

/Ting!/

တိတ်ဆိတ်နေသောပတ်ဝန်းကျင်နှင့်အတူ အတွေးလွန်နေသောကျွန်တော့်စိတ်တို့အား ဝင်လာသော noti သံလေးက ဖြတ်တောက်နှိုးဆော်လိုက်လေသည်။

💌Mommy နဲ့နေ့လည်စာစားခဲ့ပြီး စကားစမြည်ပြောဖြစ်ခဲ့တယ်။

တစ်စိမ်းသူထံပါးမှ အသိပေးခြင်းစာတိုလေးသည် ကျွန်တော့်ရင်ကိုလှုပ်ခတ်ကာ နွေးထွေးသွားစေ၏။

လက်ချောင်းတို့ကို သွက်လက်စွာအလုပ်ပေးပြီးနောက် ကျွန်တော်သည် တစ်စိမ်းသူထံပါး ပြန်စာတစ်စောင် ပို့ခဲ့မိသည်။

Perfect StrangerWhere stories live. Discover now