^21^

3.4K 430 35
                                    

^မင်းအခုဘာတွေလုပ်နေတာလဲ?^

ကျွန်တော် ထိုစာသားကိုကြည့်နေမိသည်မှာအတော်ကြာလေပြီ။ ယခုအချိန်ထိ ဘာဆိုဘာမှပြန်မတုံ့ပြန်ဘဲ ကြည့်နေထဲ့သည်အထိ တွေဝေသွားခဲ့သည်။

၆ လ.... ၆ လ အကြာတွင်ရောက်လာသောထိုစာလေး။

တစ်စိမ်းသူရာ ဘယ်လိုအခြေအနေမျိုးဖြစ်စေချင်နေရတာလဲကွာ။

သူသည်ပြန်စာကိုစောင့်နေသည်ထင် active ဖြစ်လို့နေသော အပြာရောင်အစက်လေးက သက်သေပင်။

^နောက်ဆုံးတော့ မင်း ငါ့အကြောင်းကိုစိတ်ဝင်စားခဲ့ပြီပဲ^

ငါ စိတ်ထဲရှိတဲ့အတိုင်း ပြောဆိုခွင့်ပြုပါ။ ဒီထက် မျိုသိပ်ထားရင် ငါမင်းကို လက်မလွှတ်နိုင်မှာဆိုးလို့ပါ။

^ငါတောင်းပန်ပါတယ်^

^မင်းကဘာတွေမှားခဲ့လို့ တောင်းပန်ရတာလဲ Chanyeol ya^

^အစစအရာရာ...^

^မင်းလဲဘာမှမမှားသလို ငါလဲ စိတ်ဆိုးစရာကိစ္စမှမရှိတာပဲ မလိုပါဘူးကွာ^

^မင်းမွေးနေ့....^

^အွန်း ပြောလေ^

^May 5 ရက်မဟုတ်ဘူး^

^ဩော်...^

^1992 May 6 ရက် အတိအကျပဲ^

^သိတယ်ဆိုလို့ ဝမ်းသာပါတယ်^

^Baekhyunee...^

^ငါပင်ပန်းနေလို့ နားပါရစေ နောက်မှပေါ့^

ကျွန်တော့်ဘက်က စတင်ပြီး ဖြတ်တောက်ပစ်လိုက်သည့် သူနှင့်ဆက်သွယ်မှု့ကွန်ယက်။ ငါ တစ်ကယ် ပင်ပန်းနေလို့ ခနလောက်တော့အနားယူခွင့်ပေးပါ။

မင်းရဲ့အချစ်ဦးမဟုတ်တဲ့ ငါ့ရဲ့ မွေးနေ့အမှန်ကို သတိရနေပေးလို့ကျေးဇူးပါ သူစိမ်းသူ။

ကျောင်း၏အဆောင်တွင်နေထိုင်သောကြောင့် Wifi free ဖြစ်သော်ငြား အမြဲလိုလို wifi ဖွင့်ထားတက်သည့် ကျွန်တော် Wifi အားပိတ်ကာ ဖုန်းလေးကိုပင် လျစ်လျူရှု့လျက် power off ပစ်ခဲ့လေသည်။

တစ်ချက်ချက်နှင့်မြည်နေသော အဆောင်တံခါးပေါက်ပေါ်က နာရီအဝိုင်းလေးမှာ နေ့ခင်း ၁ နာရီထိုးပြီဖြစ်ကြောင်း ပြသလို့နေသည်။ စောင်အား ခေါင်းအထိဆွဲခြုံလိုက်ကာ အိပ်ဖို့အတွက် အတင်းကြိုးစားမိ၏။ သို့သော် အိပ်၍ မပျော်ခဲ့ပေ။

Perfect StrangerWhere stories live. Discover now