^ဘေဘီ...^
မရောက်တာကြာပြီဖြစ်တဲ့ သူ့ပုံcontact လေးနဲ့ massage။
^အင်း ပြောလေ^
^ငါ...သူမနဲ့ လမ်းခွဲလိုက်ပြီ^
ဟင်!!
ကျွန်တော်ဟာ ဝမ်းသာရမလား ဝမ်းနည်းရမလား မသည်းကွဲခဲ့ပါ။
တစ်ခါလောက်တော့ တစ်ကိုယ်ကောင်းဆန်ပြီး မျက်လုံးစုံမှိတ်ကာ ဝမ်းသာလိုက်ချင်တယ်။
သို့ပေမယ့် ကိုယ့်နှလုံးသား နာကျင်ရတာထက် သူ့စိတ်မှိုင်းညှိ့နေမှာကို သေမလောက် ကြောက်နေခဲ့တယ်။
^ဘယ်လိုဖြစ်ကြတာလဲ^
^ငါ အခု ဖုန်းဆက်လို့အဆင်ပြေမလား^
ကုတင်ခေါင်းရင်းက နာရီကိုမော့ကြည့်မိတော့ ၁၁ နာရီ။
ကျွန်တော်ဆိုသည်မှာ သူနဲ့ ပတ်သက်လာရင် နားချိန် အိပ်ချိန်တွေကိုတောင် လျစ်လျူရှု့နိုင်ပါပေလား။
^ရတယ်^
တုန်ခါလာသောဖုန်းလေးအား စက္ကန့်ပိုင်းလောက်တောင်အမြည်မခံဘဲ ကျွန်တော်ကိုင်လိုက်တယ်။
"အင်း Chanyeol"
"သူမက ငါ့ကိုတစ်ကယ်မချစ်ခဲ့ဘူး"
ထိုမိန်းကလေးနဲ့ ကျွန်တော်သည် မသိကျွမ်းခဲ့ပါ သို့ပေမယ့် ထိုမိန်းကလေးနဲ့ကျွန်တော်သည် ယောကျာ်း၊ မိန်းမ ဆိုသည့်နာမ်မှလွဲ၍ အရာရာနီးပါးတူညီနေလေ့ရှိသည်။ မွေးနေ့၊ သွေးအမျိုးအစား ကအစပင်။
Chanyeol ထိုမိန်းကလေးကို ဘယ်လောက်ချစ်လဲ ကျွန်တော်သိသည်။
သူမနဲ့ပတ်သက်လာရင် သူငယ်ချင်းဆိုတဲ့အရာကိုတောင် မေ့ဖျောက်ပစ်နိုင်လောက်တဲ့အထိ ချစ်တာ။
"ဘာတွေဖြစ်ကြလို့လဲ"
သူများအကြောင်း စပ်စုရသည်ကို ကျွန်တော်ဝါသနာမထုံ။ သူ့အား အကြောင်းစုံသိလျှင် သိလိုငြား နှစ်သိမ့်ပေးချင်၍ ကျွန်တော် ထိုမေးခွန်းအားမေးခဲ့သည်။
"ငါ့မှာ ဘာပြစ်ချက်ရှိလဲဟင်"
သူမအတွက်တော့ မသိခဲ့ပေမယ့် ကျွန်တော့်အတွက်တော့ အရမ်းပြည့်စုံလွန်းပါတယ်။
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
