^45^

2.5K 392 20
                                    

နောက်ကျောပေးကာလှည့်ထွက်သွားသောချစ်ရသူ၏ကျောပြင်အား အပြေးတားကာ ဖက်ထားလိုက်မိသည်။

"မသွားပါနဲ့....ကျေးဇူးပြုပြီး"

"မင်းဆန္ဒရှိရင် ငါ မင်းဘေးမှာနေပေးမှာပါ Chanyeol"

"တစ်သက်လုံး......"

"ငါ အာမခံနိုင်ပါ့မလား "

"ငါ့ကိုကတိပေးပါ Baekhyunee တစ်သက်လုံးဘေးမှာရှိနေပေးမယ်ဆိုပြီး"

"ကတိဆိုတာပေးတိုင်းမကောင်းဘူး Chanyeol ya ဒါပေမယ့် ငါ တည်နိုင်အောင်တော့ကြိုးစားပေးပါ့မယ်"

"အင်း...."

December ၏ အေးချမ်းလှသောပတ်ဝန်းကျင်တွင် ကျွန်တော်ဟာ ချစ်ရသူရင်ခွင်ထဲရှိသည်ကြောင့် အံတုနေနိုင်ခဲ့သည်။

"ငါနဲ့ ဒီနေ့ date လုပ်ရအောင် Baekhyunee"

"အခုလား?"

"အင်း"

"Sehun စောင့်နေတယ် "

ခါး၌ဖက်ထားသောကျွန်တော့်လက်တွေကိုတင်းကြပ်အောင်အားထည့်မိ၏။

"ထပ်ပြီး ငါကျန်ခဲ့ဦးမှာလား"

"မကျန်လောက်တော့ပါဘူး"

ကျွန်တော်လက်တွေအပေါ်ပြန်လည်အုပ်ကိုင်လာသော ချစ်ရသူလက်ဖြားများသည်အေးစက်စက်နှင့်။

"ပြော....ငါ အချိန်ဘယ်လောက်ကြာအောင်စောင့်နေပေးရမလဲ"

"တစ်နာရီလောက်ဆိုလုံလောက်ရောပေါ့"

"ငါက တစ်နာရီတောင် မင်းဘေးနားမှကပ်နေချင်တာ"

ချစ်ရသူပခုံးထက် မေးလေးတင်ကာဆိုမိတော့အသာပြုံးလေရဲ့။

"ငါဟိုမှာနေတုန်းကရော မင်းဘယ်လိုနေလဲ"

"အမြဲဘေးနားကိုပဲပြေးလာချင်မိနေတာ"

"အခုကျတော့ရော"

"အခုက ဘေးနားကနေကိုမခွာချင်တော့တာ"

"အခုတော့မင်းမေးရိုးကိုဆေးလူးသင့်ပြီ။ ငါ ခနနေလာခဲ့ပါ့မယ် "

"အင်း.....ငါ စောင့်နေမယ် hyunee မင်းမလာမချင်း "

ဖက်ထားရာမှ လွှတ်ပေးလိုက်တော့ ထွက်ခွာသွားသောပုံရိပ်ကလေး။

Perfect Strangerحيث تعيش القصص. اكتشف الآن