^15^

3.8K 427 16
                                    

"နေကောင်းလား Hyunee"

"ကောင်းတယ် hyung ရော နေရတာအဆင်ပြေရဲ့လား"

"အင်းပြေတယ် အခု ညနေစာအတွက်အပြင်သွားမလို့ Hyunee ဆီ video call ခေါ်လိုက်တာ"

"ဟုတ် hyung အာ့ဆိုဂရုစိုက်သွားနော်"

"အွန်း ဒါပဲနော်"

ချသွားသောဖုန်းအားကြည့်ကာပြုံးလိုက်မိ၏။

Hyung ပျော်နေသည်ထင် အသားလေးတွေဖွေးစွတ်ကာ မျက်နှာလေးမှာပြည့်ပြည့်ဖောင်ဖောင်းလေးပင်ဖြစ်လို့။ အကိုYixing  နဲ့ ဖုန်းရမှမေးကြည့်ရဦးမယ်။ ဘာတွေများစွတ်ကျွေးသလဲလို့ ။hyung မှာမကြာခင်ဘောလုံးလေး
လို လုံးလုံးလေးဖြစ်တော့မယ်လို့။

ချထားသော မျက်မှန်လေးအားပြန်တပ်ကာ Laptop မှဖတ်နေလက်စ website တစ်ခုအား ပြန်ဖတ်လိုက်သည်။

လိုအပ်သည့်အချက်အလက်များအား note book လေးတွင်ချရေးကာ list လုပ်ထားလိုက်သည်။ Mouse click အားတစ်ချက်နှိပ်ကာ လိုအပ်သည့် information အား detail သိရရန် website အား mail ပို့လိုက်၏။

Keybord ပေါ်သို့ပြေးလွှားနေသော လက်သွယ်သွယ်တို့သည် မြန်ဆန်လျက်။

"သား"

"ဟုတ် omma"

"ထမင်းစားရအောင်လေ"

"ဟုတ် သားလာခဲ့လိုက်မယ်"

တံခါးအသာစေ့ကာထွက်သွားသောသူမ။

ကျောင်းပိတ်ရက် အိမ်ကိုပြန်ရောက်တည်းက သူမကြည့်နေမိ၏။သတိထားမိသည်ဆို ပိုမှန်မည်။ သားသည် ပြန်ရောက်ထဲက အခန်းထဲတွင် Laptop တစ်လုံးနှင့်အလုပ်ရှုပ်နေတက်သလို တစ်ခါတစ်ခါ မျက်မှန်လေးပင့်ကာ စာအုပ်ဖတ်နေတက်သည်။ တစ်ခါတစ်လေကြတော့ နားကြပ်တပ်ကာ သီးချင်းများအား စိတ်လွတ်ကိုယ်လွတ်ဆိုလေ့ရှိသည်။

ထိုသို့လုပ်ပေမယ့် အိပ်နေသည့်အချိန်မှလွဲ၍ သူမအလုပ်များအားမငြီးမငြူဝိုင်းကူပေးသည်။

တစ်ချို့အမေတွေက ကျောင်းပိတ်ရက်ဆို သားတွေအိမ်မကပ်လို့ ခနခန ညည်းလေ့ရှိကြသည်။

သူမတွင်တော့ အိမ်ထဲက အိမ်ပြင်မထွက်သည့်သားကို ချီးပဲကျူးရမလိုလို၊ မထွက်ဘဲ အိမ်တွင်းအောင်းနေလို့ ဆူပဲဆူရမလိုလိုနှင့် ငိုရခက် ရယ်ရခက်နေသည်။

Perfect StrangerWhere stories live. Discover now