^37^

2.8K 431 28
                                    

ပြတင်းပေါက်၏ခန်းစည်းနောက်ကွယ်ကနေမင်းကြီးသည်အလင်းရောင်ကိုပေးစွမ်းထားသော်ငြား ကုတက်ပေါ်က ကောင်လေးနှစ်ယောက်သည်အပူပင်ကင်းစွာ အိပ်စက်အနားယူလျှက်ပင်။

တစ်ယောက်ရင်ခွင်ထက်တစ်ယောက်ခိုဝင်ကာ ပွေ့ဖက်ထားသောမြင်ကွင်းသည် မနက်ခင်းပန်းချီကားတစ်ချပ်ပင်။

လူးလူးလွန့်လွန့်ဖြင့်အကျောဆန့်ကာမျက်လုံးပွင့်လာသောသူမှာ တစ်စိမ်းသူ၏ရင်ခွင်ထဲဝယ်ပြုံးနေ၏။

အေးချမ်းစွာအိပ်စက်နေသောသူစိမ်းသူ၏မျက်နှာပြင်အားငေးမောလျှက် ကြည့်နေမိသည်။

မင်းနဲ့ငါ့ရဲ့မနက်ဖြန်တွေက ကြိုတွေးတဲ့အတိုင်းဖြစ်မလာခဲ့ရင် ဝမ်းမနည်းပါနဲ့သူစိမ်းသူ။

ကံစီမံရာအတိုင်းပဲဆိုပြီး အရာရာကိုလဲအရှုံးမပေးပါနဲ့တစ်စိမ်းသူ။

မင်းမှာအစွမ်းရှိသလောက်ကြိုးစားအားထုတ်မှု့နဲ့ မမြင်နိုင်တဲ့ကံတရားတို့ကိုပေါင်းစပ်ပြီး မနက်ဖြန်တိုင်းရဲ့ အမြင့်ဆုံးကိုပျံသန်းလိုက်ပါတစ်စိမ်းသူ။

ငါကတော့ မင်းကိုချစ်နေတဲ့မူလနေရာကနေပဲနှလုံးသားလေးကို အမြဲရပ်တန့်ခိုင်းထားမှာမို့လို့ပါ။

"Morning~ Baekhyunee"

သူ၏အက်ရှရှအသံလေးအားကျွန်တော်ကြားဖူးသည်မှာ ဒီတစ်ကြိမ်နဲ့ဆို နှစ်ကြိမ်မြောက်ပင်။

ပထမတစ်ခေါက်က လွန်ခဲ့သောနှစ်အချို့တွင် သူ့အားဖုန်းဆက်နှိုးခိုင်းတုန်းကဖြစ်ခဲ့သည်။

"ထတော့လေ ငါညောင်းနေပြီ ဆက်အိပ်မနေချင်တော့ဘူး"

"ခနလေးနေပါဦး ငါ အိပ်မက်ဆိုရင်တောင် အချိန်လေးခနဆွဲထားချင်လို့ပါ"

မျက်လုံးတွေပြန်မှိတ်ထားလျှက် ကျွန်တော့်အားဖက်တွယ်လာသောလက်တို့။

"ငါမနက်ဖြန်ပြန်ရလိမ့်မယ် Baekhyunee"

"အင်း ပြန်လေ"

သူသည်မျက်လုံးများပြန်ဖွင့်ကာကျွန်တော့်အားငုံ့ကြည့်လာသည်။

"မပြန်စေချင်ဘူးလို့ဘာလို့မပြောတာလဲ ဟင်"

"အခုချိန်မှာ ငါတို့က ဘဝပန်းတိုင်ကိုလှမ်းမကိုင်နိုင်သေးတဲ့ ပြေးလမ်းကလူတွေအနေနဲ့ပဲရှိသေးတယ် Chanyeol။ အိပ်မက်တွေ ရည်ရွယ်ချက်တွေအပြည့်နဲ့ ငါတို့တစ်နေ့ပြီးတစ်နေ့ နိုးထနေရမယ့်အချိန်တွေပဲရှိနေသေးတယ်"

Perfect StrangerWhere stories live. Discover now