အနည်းငယ်အေးနေသဖြင့် ကားပေါ်ကဆင်းသည်နှင့် အပေါ်၌ထပ်ဝတ်ထားသော အနွေးထည်အား လေလုံအောင် ရင်ဘတ်စနှစ်ခုအားဆွဲ၍စိလိုက်မိသည်။
နာရီအနည်းငယ်စောနေသော်ငြား ဆိုင်ထဲသို့သာဝင်လာခဲ့လိုက်သည်။
စားပွဲတစ်နေရာ၌ထိုင်ကာ နောက်ထပ်ရောက်မည့်သူအား ကျွန်တော်စောင့်နေမိသည်။
မိနစ်အနည်းငယ်အကြာတွင်ဝင်ရောက်လာသောသူမသည် ကျွန်တော်ထိုင်နေရာစားပွဲဆီသို့ အသာလျှောက်လာလေ တော့ ကျွန်တော်အလိုက်သင့်ပင်ထကာ နှုတ်ဆက်ကြိုဆိုလိုက်သည်။
"ထိုင်ပါ ဟာရမ် shi"
"ကျေးဇူးပါ Chanyeol shi"
အေးနေသောရာသီဥတုကြောင့် ပူနွေးနွေးကော်ဖီနှစ်ခွက်အားမှာလိုက်ကာ သူမနှင့်စကားစမြည်ပြောနေမိသည်။
"ကျွန်မဘက်ကအရင် date လုပ်ဖို့တောင်းဆိုလိုက်လို့ အထင်များသေးသွားပြီလားမသိဘူးရှင် "
"ရပါတယ် ကျွန်တော်အဲ့လိုတော့မယူဆတက်ပါဘူး"
သူမပြုံးကာ ကျွန်တော်ကိုပြန်လည်စကားဆက်လာ၏။
"ကြားထားရတဲ့အတိုင်းပဲ Chanyeol shi က စကားအတော်ပြောကောင်းတာပဲ အင်း.... တစ်ခြားသူစိတ်ချမ်းသာ အောင်ပြောတဲ့နေရာမှာတော့ အတော်တော်သလိုပဲနော်"
ကျွန်တော်အသာသာပြုံးပြလိုက်မိ၏။
"သုံးဆောင်ပါဦး"
စားပွဲထိုးလေးလာချပေးသော ကော်ဖီခွက်အား သူမရှေ့နားသို့တိုးပေးလိုက်ကာ ပြောလိုက်တော့ ဆံပင်အားတစ်ချက်သပ်တင်ကာ ခေါင်းငြိမ့်ပြ၏။
"ကျွန်မကိုငြင်းမယ်ထင်နေတာ Chanyeol shi ကအခုလို လက်ခံပေးတော့ပိုအဆင်ပြေသွားတာပေါ့"
"ကော်ဖီတစ်ခွက်လောက်အတူသောက်ရုံက မပြောပလောက်ပါဘူးဗျာ"
"တစ်မျိုးတော့မထင်နဲ့နော် Chanyeol shi ရဲ့ idea type က ဘယ်လိုမျိုးလဲဟင်"
"ဟာရမ် shi ရော Idea type ကို ဘယ်လိုပုံစံ ပုံဖော်ထားသလဲ"
သူမမေးခွန်းနှင့် သူမကို အမေးပြန်ထုတ်လေတော့ သူမကစဉ်းစားဟန်ပြုကာဖြေလေ၏။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]