^66^

1.9K 316 17
                                    

ချစ်ရသူက မလာနဲ့ပြောသော်ငြား ကျွန်တော့်မှာအဆင်ပြေစေရန် နှုတ်မှတစ်ဖွဖွဆုတောင်းလျှက် ဖုန်းကိုလက်ကကိုင်ကာ ဟိုလျှောက်ဒီလျှောက်နှင့်။

ဝင်မလာသေးသောဖုန်းခေါ်ဆိုမှု့အားစောင့်ဆိုင်းလျှက်။

အနှောက်အယှက်ဖြစ်မည်ဆိုး၍ ဖုန်းခေါ်ချင်နေသည့်စိတ်များအားအတက်နိုင်ဆုံးချိုးနှိမ်ထားရသည်။

ချစ်ရသူသည် ကျွန်တော့်ပူပန်မှု့အားမသိစိတ်က အာရုံရနေသည်ထင် ဖုန်းခေါ်ဆိုလာလေသည်။

"ဟဲလို Baekhyunee အဆင်ပြေရဲ့လားဟင်"

"အင်း...ငါအခုအိမ်ရောက်နေပြီ အားလုံးအဆင်ပြေတယ်"

ချစ်ရသူရဲ့လေသံအေးအေးအား လေလှိုင်းမှတစ်ဆင့် ကြားလိုက်ရသဖြင့် ကျွန်တော့်ပူပန်မှု့များငြိမ်းအေးသွား သယောင်။

"ဆရာဝန်ကရောဘာမှလိုက်သေးလဲ"

"အင်း...အားလုံးကောင်းသွားပြီတဲ့"

"တော်ပါသေးတယ်ကွာ"

"မင်းဂရုစိုက်ပေးတာတွေကောပါတယ်လေ ဟားဟား"

ချစ်ရသူ၏ ခပ်ရွှင်ရွှင်စကားသံသည် ကျွန်တော့်စိတ်ကိုပါပျော်မြူးသွားစေနိုင်စွမ်းရှိ၏။

"နောက်ဆိုများများဂရုစိုက်ပေးမယ်နော် အခုတော့နားဦး"

"အင်း..."

"အားရှိတာလေးတွေစား ပြီးတော့နွေးနွေးထွေးထွေးနေဦးနော်"

"ဟုတ်ကဲ့ပါ....ဒါနဲ့ Chanyeol "

"Imm ပြောလေ"

"မနက်ဖြန် ငါ့တို့ date လုပ်ကြမလား"

"မင်းအဆင်ပြေရဲ့လား Baekhyunee"

"အဆင်ပြေပါတယ်ကွာ နေလဲကောင်းနေပြီ။ မင်းနဲ့ date လုပ်သင့်တယ်ထင်လို့ပါ"

"ငါ့ကိုထည့်စဉ်းစားမနေနဲ့ မင်းနေအရင်ကောင်းအောင်လုပ် Baekhyunee"

"ငါနေကောင်းနေပါပြီ မနက်ဖြန် date လုပ်မယ်နော် ပြီးတော့ ငါတို့တစ်နေရာမှာအေးဆေးလေးထိုင်ရအောင်"

"အင်း သွားတာပေါ့။ ငါလာခေါ်ပေးရမလား Barkhyunee"

"အဲ့လိုလုပ်မလား Chanyeol"

Perfect StrangerWhere stories live. Discover now