^31^

3.3K 510 52
                                    

ပါလာသော Suitcase  အားမွှေနောက်နေမိသည်မှာ ယခုနဲ့ဆို ၃ ကြိမ်မြောက်ပင်။

ညထဲက ရင်တွေခုန်ကာ မနက်ဖြန်ရောက်ဖို့အတွေးကိုပဲတွေးနေမိတာကြောင့် အိပ်ချိန်ပင်အလွန်နည်းခဲ့၏။ သို့သော် နဲနဲမှမူ မသမ်းဝေပဲ တက်ကြွကာ အခုလို Suitcase ကိုမွှေနှောက်နေမိသည်အထိပင်။

"ငါဘာတွေများသယ်လာမိတာလဲ"

အဝတ်အစားသည် ဘယ်လောက်ပင်ရွေးရွေး စိတ်ကြိုက်မတွေ့။

နာရီကြည့်မိတော့ အချိန်က နီးလာသည်မို့ ဖွထားသည့်ထဲမှ သင့်တော်တာသာ ဝတ်လိုက်ရသည့်အဖြစ်။

Perfume အား လည်ပင်းနားလေးဖြန်းလိုက်ကာ အသက်ဝဝတစ်ချက်ရှုလိုက်သည်။

"Perfect!"

မှန်ထဲတွင်ပေါ်နေသော ကိုယ့်ရုပ်ကိုကြည့်ကာပြောလိုက်ပြီး အခန်းထောင့်ရှိ ဖိနပ်လေးအားစီးကာ ကြိုးချည်လိုက်ပြီး အမြန်ဆုံးထွက်လာခဲ့လိုက်သည်။

တည်းခိုရာ hotel သည် ရည်ရွယ်သူရှိရာ ကျောင်းနှင့် အနည်းငယ်သာလှမ်းသဖြင့် လမ်းလျှောက်ကာပင် အပြေးလေးသွားနေမိသည်။

ခေါင်းထဲတွင်လဲ ယနေ့အတွက် ဆွဲထားသည့် အစီအစဉ်များက အပြည့်မို့ အချိန်ကိုအလကားမကုန်စေရန် မြန်သထက်မြန်အောင် သွားနေမိသည်။

📩Baekhyunee ငါရောက်ပြီ

📩အင်း ငါလာပြီ

ကျောင်းပေါက်ဝတွင်ထိုင်ကာ ရောက်ပြီဆိုသည့်အကြောင်း massage ပို့လိုက်ပြီး ထွက်ပေါ်လာမည့် ရယ်ရွယ်သူအား မျှော်လင့်ကြီးစွာ စောင့်နေလိုက်သည်။

ကျောင်းထဲကနေတစ်ရွေ့ရွေ့ထွက်လာသောသူလေးကြောင့် ကျွန်တော်သတိလက်လွတ်ပြုံးလိုက်မိ၏။

အခုမှ အိပ်ယာနိုးကာထလာမှန်းသိသာသော ရည်ရွယ်သူလေး၏မျက်လုံးလေးများသည် ကြည်လင်ကာ ပါးလေးများပင် ဖောင်း၍နေသည်။

"အိပ်ရေးရော ဝ ရဲ့လား"

"အင်း ဝ ပါတယ်"

ရဲနေသောနှာခေါင်းထိပ်ဖျားအား သတိမဲ့စွာဆွဲလိုက်ပြီး

"ဝက်ပေါက်ကလေး"

ဦးထုပ်ခပ်ငိုက်ငိုက်အောက်ကမျက်ဝန်းများနှင့် မှေးကျဉ်းစွာကြည့်လာသောသူလေး။

Perfect StrangerWhere stories live. Discover now