^13^

3.8K 463 16
                                        

Active မဖြစ်တာ ၁ နှစ်ပင်ရှိသွားလေသော massage box လေးအားငေးနေမိတယ်။ တစ်နှစ်အတောအတွင်း နေ့စဉ်မပြတ်ဝင်ဝင်ကြည့်မိသော conversation လေးသည် မူလအတိုင်း မည်သည့်အရာမျှပြောင်းလဲသွားခြင်း မရှိခဲ့ပေ။

"အဆင်များပြေရဲ့လားကွာ....."

သက်ပြင်းမောတို့ကိုချမိကာ ချယ်ရီတွေဝေနေသည်ကို ခုံတန်းလျားလေးပေါ်၌ လဲလျောင်းကာ ကြည့်နေမိ၏။

"မင်းရဲ့ချယ်ရီရောင်နှုတ်ခမ်းပါးနဲ့တူတဲ့ ချစ်ရီပွင့်တွေကိုငါကြည့်နေတာ မင်း သိကောသိပါ့မလား..."

လေအဝေ့မှာ တစ်ဖွဲဖွဲကြွေကျလာသော ပန်းနုရောင်ပွင့်ဖတ်တို့သည် မျက်နှာပေါ်အား အလုအယက်ပင် တင်ကျန်လာလေ၏။

"ငါမင်းကိုအရမ်းသတိရနေမိတယ်...."

မှိတ်ချလိုက်သောမျက်ဝန်းတို့နောက်ဝယ် ပုံရိပ်တို့သည် လွန်လေခဲ့ပြီးသော အတိတ်တို့စီအားပြန်လည်ခေါ်ဆောင် သွား၏။

ထိုနေ့က Jong Dae အား tag ထားသော post အား အမှတ်မထင် တွေ့မိလိုက်၏။

တော်ရုံ post များအား စိတ်မဝင်စားတက်သော ကျွန်တော်သည် ထို post ၌ စာသားအချို့ဝင်ရေးမိပါ၏။

《ဟားဟား Xiumin hyung နဲ့ Chen လိုက်တယ်》

ကျွန်တော့် comment လေးအား Like လုပ်သွားလေ၏။ ကျွန်တော် ထိုကောင်လေးအား မေးမိပါ၏။

"မင်းငါ့ကိုသိလို့လား?"

ပြန်ဖြေလာမယ့်အဖြေကို ကျွန်တော်စောင့်ဆိုင်းနေမိ၏။ မကြာပါ တက်လာသော notification လေးကြောင့် ကျွန်တော် အပြေးအလွှားကြည့်လိုက်မိ၏။

"အင်း ငါမင်းကိုသိတယ်"

ထိုအဖြေ၏ အနောက်ကွယ်အား ကျွန်တော် အရမ်းသိချင်မိသွား၏။

"ငါမင်းကိုမသိဘူး"

ကျွန်တော်ကသူ့ကိုမသိပေမယ့် သူက ကျွန်တော့်ကို သိသည်ဆိုတဲ့ခံစားချက်သည် ရှေ့ဆက်တိုးချင်မိ၏။ သို့သော်ကျွန်တော်လွန်စွာမှ စိတ်ဝင်စားသွားသည်။

ကျွန်တော်သည် သူ့ acc လေးအားမသိလိုက်လျှင်ပင် သွားရောက်ကြည့်ရှု့ခဲ့လေသည်။ မေဂျာမတူသော်ငြား ကျောင်းတူလောက်မယ်ထင်၏။ချက်ချင်းပင် private acc လေးအား request လှမ်းပို့မိပါ၏။

Perfect StrangerWhere stories live. Discover now