^10^

3.8K 440 27
                                        

"Baekhyunee~"

"ပြောလေ Jong Dae"

"နေ့လည်က ရိုက်ပေးထားတဲ့ပုံလေးတွေ အဟီးဟီး အဲ့ဒါလေးပို့ပေးခဲ့ပါဦး"

"Oh Se ဆီမှာရှိတာပဲ"

"မတူဘူးလေကွ သူစီက သူ့စီ သက်သက်"

"အင်း... ငါပို့လိုက်မယ်"

"ချစ်လိုက်တာ"

အခုမှ မုန့်လုခံရတဲ့ကလေး မုန့်ရသွားတဲ့အတိုင်းပဲ ပြီတီတီနဲ့ ရယ်ပြနေတာ။

Jong Dae ကို ပို့ပေးဖို့ရာ ပုံလေးတွေကို multi touch လိုက်တယ် ပို့ခါနီး မြင်လိုက်ရတဲ့ပုံကြောင့် လက်တို့သည် Auto Cancel ပြီးသားဖြစ်သွား၏။

ဟိုတလောကဖြစ်သည့်ဟန်။

သူနှင့် နောက်ဆုံးတွေ့ဆုံခဲ့ရသည့် pizza ဆိုင်ကပုံလေး။ သူရောက်လာတာကိုမြင်ပြီး ကျွန်တော် လန့်ကာ camera ချိန်နေတုန်း ရိုက်သွားမိသည်နှင့်တူသည်။

မရည်ရွယ်ဘဲရရှိလာတဲ့ပုံလေး။

သိပ်ကိုပြည့်စုံလွန်းပါတယ် တစ်စိမ်းသူရယ်။

ကျွန်တော်တို့မတွေ့မိကြသည်မှာ တစ်နည်း အဆက်အသွယ်မလုပ်ဖြစ်သည်မှာ ၃ လ ကျော် ၄ လ လောက်ပင် ရှိလို့နေပြီ။

သူ့ဘက်ကလဲစတင်မဆက်သွယ်ခဲ့သလို ကျွန်တော့်ဘက်ကလဲ ဆက်သွယ်ဖို့မကြိုးစားခဲ့။သို့သော် သူမပါဝင်ခဲ့သည့် အိပ်မက်များက ခပ်ရှားရှားရယ်ပါ။

မလွမ်းဘူးရယ်မဟုတ် ကျွန်တော်သူ့ကိုသတိရသည်။

လက်ချိုးရေလျှင် လက်ဆယ်ချောင်းမပြည့်သည့် သူ့၏ နွေးထွေးမှု့အတုအယောင်သော်လည်းကောင်း ၊ အစစ်ကို လည်းကောင်း ကျွန်တော် လိုချင်မိ၏။

သူမပါဝင်တဲ့အတွေးတွေက ပျော်ရွှင်စရာပါ။

သို့သော် နှလုံးသားလေးကတော့ ငိုနေခဲ့သည်လေ။

သူရော... သူငယ်ချင်းတစ်ယောက်အဖြစ်တောင် ကျွန်တော့်ကိုအရာသွင်းပြီး သတိရပါမလားနော်။

"Holiday 3 weeks ကို ဘယ်သွားရမလဲဟင် ပျင်းစရာကြီး"

"ခရီးလေးဘာလေးထွက်ပေါ့ကွ"

Perfect StrangerDonde viven las historias. Descúbrelo ahora