/တိမ်တွေက လေနှင်တဲ့အရပ်ကိုရွေ့လျားကြတယ်...
ငါ့တို့နှစ်ယောက်ရဲ့ချစ်ခြင်းတိမ်တိုက်တွေကရော ကံတရားနှင်ခြင်းကိုခံရဦးပေမလား~/ဖတ်လက်စ စာမျက်နှာအား ပိတ်ချလိုက်လျှင်ပင် အနက်ရောင်စာအုပ်အဖုံးလေးထက်ဝယ် ရွှေရောင်တစ်လက်လက် တောက်ပနေသော စာလုံးလေးကတင့်တယ်စွာနေရာယူနေသည်အား မြင်တွေ့ရပါ၏။
'D.R.E.A.M.S' ဆိုသည့် ရွှေရောင်စာလုံးများအား လက်ဖျားလေးဖြင့် အသာတို့ထိကာ နောက်ဆုံးဖတ်လိုက်ရသော စာသားအချို့သည်ကား အတွေးထဲဝယ် တစ်ဝဲလည်လည်။
"Hyunee hyung ဝင်လာခဲ့မယ်နော်"
အခန်းတံခါးရှေ့၌ အသံပြုကာဝင်လာသော hyung သည် အိပ်ရာဝင်ခါနီးဖြစ်သည့်အတွက် ညအိပ်ဝတ်စုံလေးနှင့် ချစ်စဖွယ်ကောင်းစွာ ကျွန်တော့်ထံသို့လှမ်းလာ၏။
"စာအုပ်ဖတ်နေတာလား hyunee"
လွတ်နေသော ကုတင်အစွန်းတွင်တင်ပါးလွှဲဝင်ထိုင်ကာ မေးလာသော hyung သည်အေးချမ်းလျှက်။
"ဒီလိုပါပဲ ပျင်းနေတာနဲ့။ ဒါနဲ့ hyung ရော မအိပ်သေးဘူးလား"
"အိပ်တော့မှာ ဒီအတိုင်းပဲ hyunee ဆီဝင်ခဲ့တာ"
"အကြောင်းရှိလို့လား hyung"
"မဟုတ်ပါဘူး စကားလေးဘာလေးပြောရအောင်သက်သက်ပါ"
"ဟုတ်သားနော် hyung နဲ့တောင် အေးဆေးစကားမပြောဖြစ်သေးဘူး"
"ကြည့် ဒီကလေး မနက်ဖြန် သဘက် ဆို ပြန်တော့မယ် အခုထိအစ်ကို ကိုမေ့နေတာမှတ်လား"
"အဲ့လိုလဲ မဟုတ်ပါဘူး hyung ကလဲ"
"မနက်ဖြန် SokCho ကိုသွားမှာမှတ်လား နားတော့လေ နောက်နေ့မှစကားအေးဆေးပြောကြတာပေါ့"
"အေးအေးချမ်းချမ်းအိပ်ပါ hyung"
"အင်း good night နော်"
Hyung ထွက်သွားပြီးနောက် မျက်လုံးရှေ့တွင်နေရာယူထားသည့် စာကြည့်မျက်မှန်လေးအားချွတ်ပြီး ကုတင်ဘေးရှိ စားပွဲလေးပေါ်အား စာအုပ်လေးနှင့်အတူ တင်လိုက်ကာ ခြေထောက်သာ ခြုံထားသော စောင်ကိုဆွဲလျှက် ရင်ဘတ်နားအထိရောက်အောင်ခြုံလိုက်သည်။
YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]