^74^

1.2K 145 11
                                        

"Chanyeol...."

"ဟင် အင်း"

အဝေးတစ်နေရာသို့ငေးကြည့်ကာတွေးတောဟန်ပြုနေသော တစ်စိမ်းသူသည် ကျွန်တော့်ခေါ်သံကြားမှ လက်ရှိအခြေအနေကို ပြန်လည်ကူးသန်းလာပုံရခဲ့၏။

"မင်း အဆင်ပြေတာသေချာပါတယ်နော်"

ကျွန်တော့်ရဲ့ခပ်တိုးတိုးအမေးကို တစ်စိမ်းသူက အပြုံးတစ်ပွင့်နှင့်သာပြန်လည်တုန့်ပြန်ခဲ့သည်။

"ငါမင်းကိုအရသာရှိတဲ့ဆိုင်ကိုခေါ်သွားပေးမယ်"

လမ်းကြောင်းလွှဲသွားခဲ့သည်စကားလုံးများ၏နောက်ကွယ်မှာ မင်းဝမ်းနည်းနေမလား သို့မဟုတ် မင်းစိတ်ထဲ နာကျင်နေမလား။

သေချာတာတစ်ခုကတော့ ငါကြောင့် မင်းကို ဒဏ်ရာမရစေချင်ဘူး တစ်စိမ်းသူ။

"အင်း သွားမယ်လေ"

ကျွန်တော်တွဲခိုလိုက်သော တစ်စိမ်းသူ၏ လက်ဖဝါးခပ်ကြီးကြီးသည် ကျွန်တော့်ကိုသက်တောင့်သက်သာဖြစ်စေ သည်။

တစ်ရွေ့ရွေ့နဲ့တိုက်စားသွားသောအချိန်တွေသည် ယနေ့မှမြန်နှုန်းမြင့်နေသယောင်ပင်။

"ငါမင်းနဲ့အရမ်းလာချင်ခဲ့တာ ဒီဆိုင်လေးကို"

မျက်စိရှေ့ရှိဟင်းပွဲတွေကိုအာရုံထားနေရာမှ တစ်စိမ်းသူ၏ ဖွင့်ဟဝင်ခံချက်ကြောင့် ကျွန်တော့်အကြည့်တို့သည် တစ်စိမ်းသူ၏ မျက်ဝန်းများ၌ ဝေ့လည်ဝေ့လည်ဖြင့်သာ။

"ငါ့ကိုအကြောင်းပြချက်လေးတော့ပေးသင့်တယ်"

ခပ်ဖွဖွရယ်သံနောက်မှာကပ်ငြိလာသည့် အပြုံးခပ်ရေးရေးက သူအဆင်ပြေနေကြောင်း ကိုယ်စားပြောနေသလိုပင်။

"ကောင်းမွန်တဲ့အရာတစ်ခုကို အတူတစ်ကွဆောင်ရွက်လုပ်ကိုင်ချင်တာဟာ အချစ်လို့ခေါ်တယ်တဲ့"

နွေးထွေးခြင်းနှင့် အဓိပ္ပါယ်များစွာပါဝင်လှသောထိုစကားလေးသည် ကျွန်တော့်နှုတ်ခမ်းပါးလေးကွေးရုံမက ဝဲဘက်ရင်အုံအား လှုပ်ခတ်သွားသည်အထိ စွမ်းဆောင်နိုင်လွန်းပေသည်။

"Chanyeol...."

"Imm ပြောလေ Baekhyunee"

"ကျေးဇူးပါ....အစစအရာရာအတွက်"

Perfect StrangerWhere stories live. Discover now