^76^

1.2K 130 13
                                    

မီးရောင်စုံထွန်းလင်းနေတဲ့ လမ်းမကြီးထက်ဝယ်မှောင်ရိပ်များကြီးစိုးနေသော်ငြား သွားလာလှုပ်ရှားနေသော လူသားများနှင့် လိုရာခရီးနှင်နေသောကားမီးရောင်များက တိတ်ဆိတ်ခြင်းကိုမလိုမရှိသယောင်။

မကြာမှီအချိန်အတွင်း ဆောင်းဦးသို့ ရောက်လာတော့မည့်ရာသီဥတုသည် အေးမြခြင်းရှေ့ပြေးနမိတ်များ ပြသလျှက်။

ညလေအေး၏အဝှေ့တစ်ချက်တွင် အနည်းငယ်ပုံပျက်နေသော ဦးခေါင်းထက်မှ ဆံပင်အချို့ယိမ်းယိုင်သွားသလို ခန္တာကိုယ် အသည်းထဲကပင်လျှင် စိမ့်ခနဲ။

ခပ်ပါးပါးအပေါ်ဝတ်တစ်ထည်အား ဖြစ်သလို ပုခုံးပေါ်လွှားခြုံကာရပ်နေမိသည့် ဤဝရံတာ၌ ကုန်ဆုံးသွားချိန်သည် မိနစ်ပိုင်းမျှသာရှိသေးသော်ငြား အတွေးတို့သည် ရောက်တက်ရာရာသို့ ခရီးထွက်နေလေပြီဖြစ်သည်။

"Chanyeol..."

ခပ်တိုးတိုးအသံသာနှင့်အတူ ကျောပေါ်သို့အိကျလာသောနွေးထွေးသည့်အငွေ့အသက်တို့ရစ်သိုင်းနေသည့် ချစ်ရသူသည် ရင်ကိုနွေးထွေးခုန်မင်စေပြန်သည်။

"နိုးခဲ့ပြီလား Hyunee"

"ဘယ်အချိန်တည်းက ဒီနားမှာရပ်နေတာလဲ မအေးဘူးလား ဟင်..."

ခါးပေါ်၌ရစ်ပတ်နေသောလက်တို့အားအုပ်မိုးမိချိန်တွင် ကွေးညွှတ်သွားသောနှုတ်ခမ်းပါးတစ်စုံကို ကျောပြင်၌ နွေးထွေးစွာခံစားလိုက်ရ၏။

"မင်းအနောက်ကနေဖက်ထားပေးတာပဲ"

"အပိုတွေ"

ကျောပြင်ရှိချစ်ရသူမျက်နှာတော်အားမော်ဖူးဖို့ရာအနောက်သို့ အနေအထားပြောင်းကာလှည့်လိုက်လျှင်ပင် ရင်ခွင်ထဲသို့ အံဝင်ခွင်ကျရောက်လာလေရဲ့။

"အချွဲလေး။ ငါ့ကိုဘယ်အချိန်ထိဖက်ထားမှာလဲ"

ခပ်အုပ်အုပ်ဆံနွယ်များအားအသာထိုးဖွကာဆော့ကစားရင်း ရင်ခွင်ထဲမှိန်းနေသည့်ကောင်လေးအား ချစ်မေးခွန်းလွှာများ စစ်မေးရပြန်သည်။

"မင်းဆိုတဲ့ဖြစ်တည်မှု့လေး ငါ့ဘေးနားမှာရှိနေသ၍"

"ငါမမြင်ရတဲ့ကံကြမ္မာတွေကိုတော့ ယုံတမ်းကတိတွေပေးမနေချင်ဘူး မင်းဘေးမှာအမြဲရှိနေအောင် ငါကြိုးစားပြီး အမှန်ကိုပဲငါပြပေးမယ် Baekhyunee"

Perfect StrangerWhere stories live. Discover now