^11^

3.8K 464 20
                                    

^Busan over view^

ထို post လေးကို ကျွန်တော်ကြည့်နေသည်မှာအတော်ပင်ကြာနေပြီ။ တစ်စိမ်းသူကိုယ်တိုင်ရိုက်ကာ Busan trip note လေးတွေရေးထားသော post လေးသည် ကျွန်တော်ကြည့်နေသော နာရီပိုင်းလေးတွင်ပင် ကြည့်ရှု့နှစ်သက်သူပေါင်း သိန်းချီနေခဲ့သည်။

သူဟာလူချစ်လူခင်ပေါကာ အပေါင်းသင်းဝင်ဆံ့သူတစ်ဦးပါလေ။

ကိုယ်နဲ့အနီးဆုံးကိုရောက်ခဲ့တာတောင် သူသည်ကိုယ့်ကိုလာ၍တွေ့ဆုံခြင်းမရှိ။ အနီးဆုံးတစ်လမ်းကျော်တွင်ရှိနေ သော ကော်ဖီဆိုင်နားအားရောက်ခဲ့သည်ကိုသိရသောအသိသည် ကိုယ့်ကိုကိုယ်နာကျင်စေသည်မှလွဲ၍ တစ်ခြားဘယ်အရာမှမပိုခဲ့ပေ။

မသိချင်ယောင်ဆောင်ကာ ကိုယ့်နှလုံးသားကို တည်ငြိမ်အောင်အချိန်ယူနေရချိန်တွင် ယခုလိုရောက်ယက်ခတ် အောင်ပြုစားလွန်းသော တစ်စိမ်းသူအား မုန်းပစ်ချင်မိပါ၏။

နှလုံးသားလေးကမှ လက်မခံခဲ့သည်လေ။

ဟူးစ်~ မတွေးဘူးတွေးထားပေမယ့် တွေးမိပြန်ပါရောလား။

တော်သင့်ပြီလေ Baekhyun ရာ မင်းဒီလောက်ထိ အချိန်တွေအများကြီးကုန်ခံပြီးခံစားခဲ့ရပြီးပြီလေ။ သံယောဇဉ်ဖြတ်လိုက်သင့်ပြီ။

ဖုန်းလေးအား အိပ်ယာပေါ်ပစ်တင်လိုက်ကာ မျက်လုံးတွေမှိတ်ထားလိုက်၏။

စိတ်ထွက်ပေါက်ရရန်လုပ်နေကျဖြစ်သော သီချင်းဆိုခြင်းအလုပ်အားစတင်ရန်ကြိုးစားမိပါ၏။

🎵 🎵
Between the here, between the now
Between the North, between the South
Between the West, between the East
Between the time, between the place

From the shell
The song of the sea
Neither quiet nor calm
Searching for love again

Mo ghrá (My love)

Between the winds, between the waves
Between the sands, between the shores

From the shell
The song of the sea
Neither quiet nor calm
Searching for love again

Between the stones, between the storms
Between belief, between the seas🎵🎵

ထိုသီချင်းလေးကိုဆိုနေရရင် လေပြေညှင်းက ပင်လယ်လေညှင်းကိုရိုက်ခတ်သောအေးမြမှု့ကို ထပ်ဆင့် ခံစားရစေပါ၏။ ထို့အတူ တစ်ဆက်တည်းမှာ သတိရလိုက်သည်က သူ~

Perfect StrangerTempat cerita menjadi hidup. Temukan sekarang