^20^

3.5K 448 39
                                    

တစ်လ.... ကျွန်တော် သူနှင့်မတွေ့ရသည်မှာ တစ်လလောက်ရှိပြီ။

ကျွန်တော်နောက်ဆုံး စုံစမ်းလို့ရခဲ့သည်မှာ သူသည် ကျောင်းပြောင်းသွားပြီဆိုတာပင်။ ဘယ်နေရာ ဘယ်ကျောင်းကို ပြောင်းသွားမှန်းမသိပေမယ့်လို့ သူသည် ကျွန်တော်နှင့်အဝေးဆုံးကို အဘယ်ကြောင့်ထွက်ခွာသွားရလဲဟု အော်ဟစ်ကာမေးချင်မိသည်။

^Free coffee^

ဟူသော caption လေးနှင့် လွန်ခဲ့သော ၂ နာရီခန့်က သူတင်ခဲ့သော post လေးအောက်တွင် Comment အနည်းငယ်တွေ့ရ၏။

@J.Woo ဆိုသည့်တစ်ယောက်ရေးထားသည့် comment မှာ စိတ်အာရုံကို ဖမ်းစားထားနိုင်၏။

^မွေးနေ့အတွက် ကျိတ်စုနေတာများ 😂^

^ဒီကလေးတော့^

သူ reply ပြန်ထားသော comment အောက်တွင် ကျွန်တော်ရေးလိုက်မိ၏။

^မွေးနေ့ကဘယ်နေ့ပါလိမ့်?? အင်း.... 25 ရက်လား 26 ရက်လားမသိ?^

မကြာပါ သူ reply ပြန်လာခဲ့သည်။

^ဩော်...... 5 ရက်ပါ^

^ဟားဟား ငါ မေ့သွားတယ် ဟုတ်တယ် 5 ရက်နေ့^

^လူတောင်မေ့သွားသေးတာပဲ ဘာမဟုတ်တဲ့မွေးနေ့လေးတစ်ခုကို မေ့သွားတာက မပြောပလောက်ပါဘူး^

သူ့ reply အား ကျွန်တော်ကြောင်အစွာကြည့်နေမိသည်။

သူ....ပြောင်းလဲသွားသည်လား။

ကျွန်တော် သူ့ကို စလိုက်ရုံတင်ပါ။ ရင်ဘတ်တစ်နေရာက အောင့်ခနဲပင်။ ဝေဝါးသွားသောမျက်ဝန်းအရ မျက်ရည်များဝေ့နေပြီဆိုတာ သိလိုက်ရ၏။

^5May92 ဆိုပြီး ငါ password တိုင်းထားခဲ့ဖူးတယ်^

ထို comment အား သူသည် reply မပြန်တော့ပါချေ။

စိမ်းကားသွားတာလား hyunee။

                                                                □□□□□□□□□□

ကျောင်းက စာ စသင်ပြီဖြစ်တဲ့အတွက်ကြောင့် အရင်ကလို ကျောင်းဝန်းအကျယ်ကြီးအားပတ်ကာ အချိန်ဖြုန်းရန် မလိုတော့ပေ။ မနက် 9 နာရီမှ 12 နာရီအထိ အတန်းတက်ကာ ကျန်သည့်အချိန်များတွင် စာလုပ်၍ အနားယူယုံပင်။

Perfect Strangerحيث تعيش القصص. اكتشف الآن