^LDRS....^
ဟူသော caption နှင့်တက်လာသောpost ကြောင့် Sehun မျက်လုံးပြူးချေပြီ။
တင်ထားသည့် SNS account ၏ ပိုင်ရှင်မှာ Hyunee ဖြစ်နေ၍ ထိုသို့ဖြစ်ရခြင်းဖြစ်သည်။
London ကတံတားကြီးအားရိုက်ထားသောပုံဖြစ်ပြီး caption မှာ LDRS ဆိုပြီးတင်ထားသဖြင့်ပို၍ သိချင်လာမိ၏။
"Hyunee မင်းနေကောကောင်းရဲ့လား?"
Comment ရေးလိုက်ကာ စားပွဲခုံကိုလက်သည်းထိပ်ဖြင့်တစ်တောက်တောက်ခေါက်နေမိသည်။
အမြဲလိုလိုအဆက်အသွယ်လုပ်ဖြစ်နေသော်ငြား ထူးထူးဆန်းဆန်းဖြစ်နေသော သူငယ်ချင်းဖြစ်သူကိုမေးချင်မိနေ သည်မှာ မည်မျှပင် မဖုံးနိုင်မဖိနိုင်ပေ။
အတော်ကြာ reply မပြန်သည်မို့ဖုန်းအားအသာပိတ်ကာ ဝင်မလာသေးသည့်ဆရာအားထောင်စောင့်နေမိသည်။
ငါးမိနစ်ခြားတစ်ခါလောက်ဖုန်းကို ထုတ်ထုတ်ကြည့်နေမိတော့ ဘေးနားက Jong Dae ကပါ ကွက်ကြည့်ကွက်ကြည့် နှင့်။
မသိချင်ယောင်ဆောင်ကာ ဖုန်းအား ဖွင့်ထားသော စာအုပ်အောက်ပစ်သွင်းလိုက်ပြီး ဖုံးထားလိုက်သည်။
ထိုအခါမှ သူ့လုပ်နေလက်စအားပြန်လှည့်ကာ လုပ်သော Jong Dae။
အာ....ကျွန်တော်မေ့သွားတယ် သူတို့ဆီမှာ ဒီအချိန်ဆို ညအချိန်ပင် မဟုတ်ပါလား။
အေးဆေးအိပ်နေမည့်သူကတော့ ဘယ်သိပါ့မလဲ။
ခေါင်းသာ အသာခါလိုက်ပြီး ဝင်လာသောဆရာ၏ သင်ခန်းစာများကိုသာလိုက်နားထောင်နေလိုက်သည်။
ထမင်းစားချိန် break မို့ ဖုန်းအားပြန်ကြည့်မိတော့ reply မပြန်ဘဲ like သာလုပ်သွားသော Hyunee ကြောင့် စိတ်ကတော့ တင်းခနဲပင်။
^Reply မပြန်ဘဲကျော်သွားတာနဲ့ငါက မမေးဘူးမှတ်မနေနဲ့!^
Massage box ကနေ စာပို့လိုက်ပေမယ့်လို့ စိတ်ထဲတွင်ခိုးလို့ခုလုဖြစ်နေစဲပင်။
^ဟားဟား ငါ ဘာပြန်ပြောရမလဲစဉ်းစားနေလို့ reply ကြာသွားတာပါကွာ မင်းကလဲ^
^အလျှောက်ကောင်းလို့နော် အဟင်း^
^အေးပါ Oh Se ရာ ^

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]