^27^

3.2K 458 56
                                    

/Power💪/

လွန်ခဲ့သော နာရီပိုင်းက သူစိမ်းသူ၏ SNS story တွင် update လုပ်ထားသောပုံလေးနှင့် caption။

Group လိုက်ဆင်တူဝတ်ဟန်ရှိသည့် အဝတ်အစားနှင့် mirror selfie ရိုက်ထားသောပုံလေးပင်။

အတော်များများတွေ့မိသည်က နှုတ်ဆက်ပွဲတွင် ဖျော်ဖြေသွားသော cover dance အကြောင်းသာတင်ထားသော post များပင်။

အခုထိနာမည်ကြီးနေတုန်းပါလားသူစိမ်းသူ။

Gym ပြန်ဆော့နေပုံရသောသူစိမ်းသူသည် ဟိုးယခင်ကလိုပင် ကြည့်၍ကောင်းနေစဲပင်။

"Baekhyun ပြီးပြီလား"

"အင်း သွားမယ်လေ"

Jung Woo ကလဲအိမ်ပြန်သွားသည်မို့ အဆောင်တွင်ကျန်ခဲ့သော ကျွန်တော်တို့နှစ်ယောက် လိုအပ်တာဝယ်ရန် ယနေ့တော့ shopping ထွက်ဦးမည်။

ကျောင်းပေါက်ဝကနေလမ်းလျှောက်ကာ bus ကား စီးရန် ငါးမိနစ်လောက် လမ်းလျှောက်လိုက်ရ၏။

ယနေ့တော့ bus ကား တစ်ဝစီးဦးမည်ဟု ကြုံးဝါးလိုက်သေးသည်။

"အရင်စားရအောင် တစ်ခုခု"

"အင်း စားတာပေါ့"

Westfield London Mall အထိလာသည်မို့ အချိန်ရလျှင် ရုပ်ရှင်ကြည့်ရန်ပါ ဆုံးဖြတ်လိုက်၏။

ရုပ်ရှင်ရုံအရှေ့ကနေ ရုံတင်နေသည့်ကားအားကြည့်လိုက်ပြီး Kyung Soo နှင့် စကားရပ်ပြောနေချိန်တွင်

"ဟင်!"

"ဘာဖြစ်တာလဲ Baekhyun"

"မဟုတ်ပါဘူး သွားမယ်လေ"

"အင်း"

မဖြစ်နိုင်ပါဘူး ဟုတ်တယ် လုံးဝမဖြစ်နိုင်ဘူး သူက ဒီအထိလာရလောက်အောင် ရူးနေတာမှမဟုတ်တာ။

"Baekhyun na"

"အော Kyung Soo"

"ဘာတွေစဉ်းစားနေတာလဲ ဘာစားမှာလဲလို့မေးနေတာလေ"

"Burger! ဟုတ်တယ် burger စားမှာ"

"စားလေ ဒါပေမယ့် ငါ့တို့ အောက်ပြန်ဆင်းဖို့တော့လိုမယ်ထင်တယ် ဆိုင်က အောက်မှာလေ"

ဓာတ်လှေကားစီးကာဆင်းလာခဲ့ပြီး fast food ရောင်းသည့်ဆိုင်အား ဝင်ရန်ပြင်လိုက်စဉ်

Perfect StrangerWhere stories live. Discover now