^34^

3.2K 437 33
                                    

📩အခုအားလား Baekhyunee

📩အင်း

📩 ငါ ကျောင်းရှေ့လာခဲ့မယ် ၁၅ မိနစ်နေရင်ရောက်ပြီ

Kyung Soo တို့နှင့် ဈေးကပြန်လာကာ မန်ဒူ လုပ်စားပြီး စကားပြောနေလိုက်တာ အခု massage ဝင်လာသည်အထိပဲ။

"ကျွန်တော်အောက်ခနသွားလိုက်ဦးမယ်"

အစ်ကိုလီယုံးတို့အားနှုတ်ဆက်ကာ အောက်သို့ဆင်းလာလိုက်သည်။ လက်ကနာရီကိုကြည့်မိတော့ ညနေ ၄ နာရီ။

လက်ကကိုင်လာသော အနွေးထည်လေးကို အပေါ်ကနေထပ်ဝတ်လိုက်ပြီး လက်နှစ်ဖက်ကိုအိတ်ကပ်ထဲထည့်ကာ ကျောင်းပေါက်ဝသို့ထွက်လာခဲ့သည်။

အနည်းငယ်လူရှင်းနေသော လမ်းမအားကြည့်ကာ အုတ်ခုံလေး၌ ထိုင်စောင့်နေလိုက်သည်။

လွန်ခဲ့သောအတိတ်မှာတုန်းက ကျွန်တော် တစ်စိမ်းသူကိုစောင့်နေဖူးသော ပုံရိပ်သည် ပြန်လည်ထင်ဟပ်လျှက်။

ငါတစ်ကယ်ရူးခဲ့တာပဲနော် ကိုယ်နဲ့ဆန့်ကျင်ဘက်ကိုရွေးခဲ့တဲ့လူသားကို အချိန်အကြာကြီးစောင့်နေမိသည်တဲ့လေ။

"ကြာသွားလား စောင့်ရတာ"

အနည်းငယ်မောဟိုက်စွာ ရှေ့သို့ရောက်လာသော သူစိမ်းသူကြောင့် ကျွန်တော့်စိတ်ထဲကြည်နူးမိသွား၏။

"ဟင့်အင်း "

"သွားရအောင်လေ"

"ဘယ်တုန်း"

"နေဝင်တော့မယ်"

"အဲ့တော့"

"ငါမင်းနဲ့နေဝင်ချိန်ကိုအတူတူဖြတ်သန်းချင်တယ်"

"သွားလေရှေ့က"

Baekhyun ပြုံးကာပြောလိုက်တော့ Chanyeol မျက်နှာပေါ်၌လဲ အပြုံးများပေါ်ထွန်းလာခဲ့သည်။

/ Westminster/

ပုစွန်နီရောင်သမ်းနေသောနေဝန်းကြီးနှင့် ခရမ်းနှရောင်အသွင်ရှိသောတိမ်တိုက်များသည်  Big Ben ၏ရုပ်ကိုကြွယွ စေသော နောက်ခံအသွင်။

တစ်ယောက်လက်တစ်ယောက်တွဲကလျှောက်နေကြသောအတွဲအချို့သည် တံတားကြီးပေါ်ကနေ နေဝင်ချိန်အား ငေးမောလျှက်။

Perfect StrangerWaar verhalen tot leven komen. Ontdek het nu