^47^

2.4K 358 28
                                        

"Baekhyunee..."

"ကျေးဇူးပါ....တစ်ကယ်ကျေးဇူးပါ...ငါကိုချစ်ပေးလို့"

"ကလေးလေးလား မငိုနဲ့လေ ဒါက ဝမ်းနည်းစရာမှမဟုတ်တာ"

ကျွန်တော့်ရဲ့ခပ်စိုစိုမျက်ဝန်းများကို လက်ဖျားလေးနဲ့အသာတို့ထိကာ ပြောလာသော သူစိမ်းသူရယ်ပါ။

"ငါ အရမ်း ဝမ်းသာသွားလို့ပါ"

ရုတ်တစ်ရက် စက္ကန့်စာလောက် ပူနွေးသွားသော ကျွန်တော့်နဖူး။

"ဟင်???"

ကျွန်တော်မျက်လုံးအဝိုင်းသားနှင့်ငေးကြည့်မိတော့ သူစိမ်းသူသည် ကျွန်တော်အလွန်နှစ်ခြိုက်သော သူ၏ပါးပြင်မှ ပါးချိုင့်နက်နက်များပေါ်သည်အထိပြုံးပြလေသည်။

"ထပ်ပြောမယ် မင်းကိုအရမ်းချစ်တယ်"

ကျွန်တော်အောက်နှုတ်ခမ်းကိုသွားနဲ့ကိုက်ရလောက်သည့်အထိ ပူထူသွားမိသည်။

တစ်ကယ်တော့ ကျွန်တော်ရင်တွေ အခုန်လွန်နေခဲ့တာပါ။

"ဒီတစ်ခေါက် ငါ ချက်ကျွေးမယ် Baekhyunee"

"အင်...အင်း ချက်ကျွေးလေ"

"အာ့ဆို ဈေးဝယ်သွားရအောင် အိမ်ကို"

"မင်းအိမ်မှာ ဘယ်သူမှမရှိဘူးလား Chanyeol"

"ဟင့်အင်း။ လာပါ အချိန်ရှိတုန်းလေး ဈေးဝယ်ရအောင်လို့"

ကျွန်တော်သည် တစ်စိမ်းသူဆွဲခေါ်ရာနောက်သို့ ပါသွားခဲ့လေပြီ။

အလွန်ပင်တက်ကြွနေသော တစ်စိမ်းသူမှာ တစ်ဆိုင်ဝင်တစ်ဆိုင်ထွက် ဝယ်လို့ပင် မပြီးဆုံးနိုင်ချေ။

"ပင်လယ်စာခေါက်ဆွဲလေးရယ်၊ အရွက်သုပ်လေးရယ်၊ အသားကင်လေးရယ် အာ့ဆိုအဆင်ပြေပြီလား"

"ငါအများကြီးမစားနိုင်ဘူးနော် Chanyeol"

"Okay okay ရပြီ ဒီလောက်ပဲ"

ပျော်ရွှင်စွာဈေးဝယ်နေသော တစ်စိမ်းသူသည် ကလေးလေးနှင့်ပင်လွန်စွာတူ၏။

တစ်စိမ်းသူ၏ မွေးချင်း၊ မိဘ၊ ဆွေမျိုး၊ အိမ်အခြေအနေအကြောင်း တစ်ခုမျှမသိဘဲချစ်ခဲ့သောကျွန်တော်သည် ယခုအချိန်တွင်တော့ တစ်နည်းမဟုတ် တစ်နည်းနှင့် သိဖို့ရာ လမ်းစတစ်ခုဖြစ်၍လာခဲ့လေသည်။

Perfect StrangerWhere stories live. Discover now