^42^

2.4K 437 91
                                    

မဖွင့်တာကြာပြီဖြစ်တဲ့ဖုန်းအဟောင်းကို အံ့ဆွဲထဲမှထုတ်ကာ power ဖွင့်လိုက်သည်။

Power ဖွင့်ပြီးမကြာခင်မှာ စုပြုံစောက်လာသော miss call နီနီများနှင့် မရေမတွက်နိုင်သော massage များ။

ထိုအရာအားလုံးသည် ကျွန်တော်ချစ်သော သူစိမ်းသူထံပါးမှဖြစ်လေသည်။

လွန်ခဲ့သောအတိတ်များတွင် သူကျွန်တော့်ကိုဆက်သွယ်ဖို့ကြိုးစားခဲ့သည်တဲ့လား။

အဆက်အသွယ်ဖြတ်ကာ အသစ်သစ်သောအရာများကိုဖန်တီးမိခဲ့သောကျွန်တော့်အတွက် သူစိမ်းသူ၏စိတ်အခြေ အနေ တစ်နည်း အချစ်တွေပါ ပိုင်ဆိုင်လာရတဲ့အတွက် ဖန်တီးရကျိုးနပ်သည်။

ဟိုးအရင်အချိန်များက မလှပခဲ့သော အတိတ်များကိုစဉ်းစားမနေချင်။

စဉ်းစားစရာပင်မလိုအပ်တော့သည်က ပို၍ မှန်ပေလိမ့်မည်။

"ငါတို့အချစ်တွေအမြဲတည်မြဲပါစေလို့တော့ငါဆုမတောင်းဘူး ဒါပေမယ့် ငါမင်းကိုအမြဲချစ်နေမယ်ဆိုတာကတော့ ငြင်းမရတဲ့အမှတ်တရားတစ်ခုပဲ တစ်စိမ်းသူ"

ဖုန်းလေးအား အံ့ဆွဲထဲပြန်ထည့်လိုက်ကာ တစ်နေ့က Sehun ပေးလာသော Jong Dae ၏ဖုန်းနံပါတ်လေးအား ခေါ်လိုက်လေသည်။

"ဟဲလို အမိန့်ရှိပါ"

"Kim Jong Dae နဲ့ပြောချင်လို့ပါ"

"ဟုတ်ကဲ့ ကျွန်တော် Kim Jong Dae ပါ"

"ငါပါ Hyunee"

"Hyunee!!! Baekhyunee ဟုတ်တယ်မှတ်လား?"

"အင်း"

"ဘယ်တုန်းကပြန်ရောက်တာလဲ အပြီးပြန်လာတာလား"

"ခနပဲ အပြီးမဟုတ်သေးဘူး"

"အေးပါ ငါ Sehun နဲ့လာတွေ့ပါဦးမယ်"

"ဒါနဲ့ Jong Dae ငါ့ကိုတစ်ခုလောက်ကူညီပေး"

"အင်းပြောလေ"

"Chanyeol.... မနက်ဖြန် Chanyeol ရှိနေမယ့်နေရာလေးကိုတစ်ချက်လောက် ငါ့ကို ပြောပြပေးပါလား"

"အေး ငါ ခနနေပြန်ပြောပေးမယ်လေ ဒါနဲ့မင်းပြန်ရောက်တာသူသိပြီးပြီလား"

"ငါသူ့ကို အံ့ဩသွားစေချင်လို့ ဘာမှမပြောထားဘူး"

"အေးပါ ငါ ခနနေဖုန်းပြန်ဆက်ပေးမယ်နော်"

Perfect StrangerWhere stories live. Discover now