^58^

2.1K 342 72
                                        

"လာ Sehun"

သူငယ်ချင်းသုံးယောက် new year ညကိုအေးဆေးဖြတ်သန်းကြမယ်ဆိုကာ ဆိုင်တစ်ဆိုင်တွင်ချိန်းဆိုထားခဲ့သည်။

ယခုတွင်တော့ အရင်ရောက်နှင့်နေသူမှာ Jong Dae။

"Hyunee ရော"

"မရောက်သေးဘူး အခုထိ"

ခုံကိုဆွဲထုတ်ကာထိုင်လိုက်ပြီး ပေါ့ပေါ့ပါးပါး သောက်စရာတစ်ခုကိုသာ မှာရင်း Hyunee အားစောင့်နေမိသည်။

"Sehun Hyunee ကိုဖုန်းခေါ်ကြည့်ပါလား"

"အေး ငါခေါ်လိုက်မယ်"

ဖုန်းထုတ်ကာ ခေါ်ရန်ပြင်နေစဉ် ဝင်လာလေသော ဖုန်း။

"Hyunee ခေါ်တာ"

ချက်ချင်းပင်ကိုင်ကာ တစ်ဖက်ကအသံကိုနားထောင်လိုက်သလို Jong Dae မှာလည်း နားအသာစွင့်လျှက်။

^Hyunee ပြော^

^Se..hun..... ငါ့ကို လာခေါ်ပေး...ပါ^

^အခုဘယ်မှာလဲ? မင်းဘာဖြစ်နေတာလဲ Hyunee ငါ့ကိုသေချာပြော^

အသက်ကိုမနည်းရှုပြီးပြောနေသော Hyunee အသံမှာ ပုံမှန်မဟုတ်ချေ။

^မြစ်ကမ်း...^

^ငါသိပြီ ငါအခုချက်ချင်းလာခဲ့မယ် ဖုန်းလုံးဝမချပစ်နဲ့နော် hyunee^

Jong Dae ကလဲ အလိုက်သိစွာထရပ်လိုက်ပြီး ကျွန်တော်တို့နှစ်ယောက် သွားရန်အဆင်သင့်ဖြစ်နေလေသည်။

မကြာခင်လူတွေကရှုပ်လာတော့မည့်အနေအထား။

လက်ပတ်နာရီကိုတစ်ချက်ကြည့်ကာ အရှိန်နှုန်းမြှင့်ရန်လိုနေတာကြောင့် ကားကို ရှေ့မီးကြီးဖွင့်လိုက်ကာ အရှိန်နှင့် မောင်းထွက်ခဲ့လိုက်သည်။

^Hyunee ငါပြောတာကြားလား? မင်းတောင့်ခံထားနော် ငါ ၁၀ မိနစ်အတွင်းအရောက်လာခဲ့မယ်^

တစ်ဖက်က လေသံကိုသာကြားနေရတာကြောင့် ဟွန်းသံအဆက်မပြတ်ပေးကာ လီဗာအား ပိုဖိနင်းလိုက်သည်။

^Hyunee ငါရောက်တော့မယ်နော် ခနလေးပဲ...ကျေးဇူးပြုပြီးခနလေးပဲတောင့်ခံထားပေး^

ကားအားမြစ်ကမ်းဘေးထိမောင်းချသွားကာ အသည်းအသန်ရှာဖွေနေမိသည်။

Perfect StrangerWhere stories live. Discover now