^30^

3.1K 491 46
                                    

ကျောင်းရဲ့နှစ်လမ်းကျော်တွင်ရှိသောဆိုင်လေးသို့လမ်းလျှောက်လာခဲ့သည်။ သို့သော် နှစ်ယောက်သား ခပ်ခွာခွာအနေအထားဖြင့် စကားမပြောဘဲသာ လျှောက်နေကြသည်။

"လာလေထိုင်"

မသိရင် သူကဒီမှာနေတာကြာပြီး ကျွန်တော်က သူ့ဆီလာလည်သည့်ပုံဖြစ်နေသည်။

ပုံစံတူသော steak နှစ်ပွဲအားမှာယူပြီးစီးသည်အထိ ကျွန်တော်တို့စကားမပြောခဲ့ပေ။

"ငါတို့မတွေ့ရတာ ဘယ်လောက်တောင်ကြာသွားပြီလဲ အခုလိုလွတ်လွတ်လပ်လပ်လေးလေ"

"နှစ်တွေအတော်ကြာရောပေါ့"

"ငါ့ကိုသတိမရဘူးလား"

နေ့တိုင်းမေ့မရခဲ့ဘူးဆိုရင်ရော မင်းငါ့ကိုလိမ်တယ်ပြောဦးမှာလားတစ်စိမ်းသူ။

"ကိုယ့်ကိုကိုယ်တောင် စာနဲ့မအားလို့ ထမင်းစားချိန်တောင်မမှန်ဘူး"

ကျွန်တော်ပြောလိုက်သည့် ခပ်ထေ့ထေ့မုသားစကားအား တစ်စိမ်းသူကြားလေတော့ ခပ်ဖွဖွရယ်နေခဲ့၏။

"ငါကတော့ သတိရနေခဲ့တာ"

ထိုင်ခုံအားမှီလိုက်ပြီးလက်ကိုပိုက်လိုက်ကာ သူ့ကိုကြည့်လိုက်မိသည်။

"ဘာကိစ္စဒီကိုရောက်လာရတာလဲ"

"တစ်စုံတစ်ယောက်ကြောင့်ပေါ့။ အနောက်ကနေနောက်ယောင်ခံလိုက်ရတဲ့အထိ ဆွဲဆောင်မှု့ပြင်းလွန်းအားကြီးတဲ့ တစ်စုံတစ်ယောက်"

"မင်းဆရာဝန်နဲ့ပြသင့်တယ်ထင်တယ်"

"ဘာလို့လဲ Barkhyunee"

"ရည်းစားမရှိရင် မနေတက်တဲ့ရောဂါကိုကုဖို့အတွက်လေ"

"နောက်တယ်နော် အဟားဟား"

လာချသောဟင်းပွဲများကြောင့်စကားစတို့ပြတ်တောက်သွားခဲ့သည်။

"ငါလှီးပေးရမလား"

ခရင်းနှင့်ဓားကိုင်ကာ ကျွန်တော့်ပန်းကန်အားယူရန်ပြင်နေသောသူ။

"ရတယ်။ ဇာတ်ကားတွေထဲကလိုမင်းသားက မင်းသမီးကိုလှီးပေးတာ အများအမြင်မှာသိပ်ကိုကြည်နူးစရာပေမယ့် ဒီမှာတော့မဟုတ်ဘူး။ တစ်လုပ်စာပမာဏလှီးဖြတ်ပြီးပဲစားသောက်တာကိုမှ လူကြီးလူကောင်းဆန်တယ်လို့ သုံးကြတာ"

Perfect Strangerजहाँ कहानियाँ रहती हैं। अभी खोजें