^73^

1.6K 194 7
                                        

အမူအရာမတည်ငြိမ်စွာနှင့်လျှင်မြန်စွာပင်ထွက်ခွာသွားသော တစ်စိမ်းသူ၏ကျောပြင်ကိုသာမမြင်ရနိုင်တော့တဲ့အထိ ငေးနေမိသည်။

ခပ်တိုးတိုးပျံ့လွင့်နေသော ကော်ဖီဆိုင်ထဲကသီချင်းသံလေးငြိမ့်ငြောင်းနေသလောက် ကျွန်တော့်စိတ်တို့သည် အေးချမ်းခြင်းကိုဆောင်မနေပေ။

ဝင်ကြည့်၍မရနိုင်သော သူစိမ်းသူ၏စိတ်အစဉ်ကိုသာ မှန်းဆလျှက် တွေးတောနေမိသည်။

မင်းအဆင်ပြေရဲ့လား Chanyeol...။

စိတ်စေရာအတိုင်းဖုန်းထုတ်ကာခေါ်ကြည့်ပေမယ့် ဒီလိုအချိန်မျိုးမှာ သူ့ဘက်ကိုတွေးမိရင်း တတူတူမြည်နေသော ကိုင်သူမဲ့ဖုန်းခေါ်ဆိုမှု့အား ကျွန်တော့်ဘက်မှစတင်၍အဆုံးသတ်လိုက်သည်။

ထို့နောက်တစ်စိမ်းသူမရှိတော့သော အေးစက်စက်ပတ်ဝန်းကျင်ကနေ ကျွန်တော်ထွက်ခွာလာခဲ့သည်။

တစ်ကယ်တော့ကျွန်တော်လိုချင်ခဲ့သည့် အနေအထားသည် ထိုကဲ့သို့မဟုတ်ခဲ့ပါချေ။

ချစ်ရသောတစ်စိမ်းသူနှင့်တစ်မြေတည်းနေရသည့်အချိန်လေးမှာ နှစ်ယောက်အတူပျော်ပျော်ရွှင်နဲ့ အမှတ်တရကောင်းတွေဖန်တီးရင်း အချိန်အချို့ကိုကုန်လွန်စေချင်ခဲ့သည်။

သို့သော်ငြား အခြေအနေတွေက မျှော်မှန်းမထားသလိုဖြစ်လာခဲ့သည်မို့ စ်တ်အစဉ်ကအနည်းငယ်ညစ်ညူးမိပါ၏။

မိမိတစ်ယောက်သာမက တစ်စိမ်းသူပါစိတ်အနှောက်အယှက်ဖြစ်သွားရသည်ကြောင့် ကျွန်တော်ပိုပြီး စိတ်မကောင်းဖြစ်မိရပြန်သည်။

အိတ်ကပ်ထဲရှိတုန်ခါလာသောဖုန်းကြောင့် မျှော်လင့်နေမိသောတစ်စိမ်းသူ၏ ဖုန်းခေါ်ဆိုမှု့ဟု တစ်ထစ်ချတွေးထင်ကာ အလျှင်အမြန်ကြည့်လိုက်တော့ သူမဟုတ်ခဲ့ပါချေ။

Caller ID မှာပေါ်နေသော Oversea ဖုန်းနံပါတ်မှာ ကျန်နေခဲ့သည့် အခန်းဖော်နှစ်ယောက်မှလွဲ၍ တခြားသူမဖြစ်နိုင်။

"ဟဲလို"

"Hyung"

ကပ်ချွဲတော့မည့် Jung Woo အသံကြောင့် အနည်းငယ်ပြုံးမိသွားပြန်သည်။

Perfect StrangerWhere stories live. Discover now