^5^

4.6K 534 17
                                    

စာကြည့်တိုက်ထဲမို့ Silet လုပ်ထားသော်ငြား vibration mode on ထားမိသော ဖုန်းကြောင့် ဘေးကိုအသာအကဲခတ်ကြည့်လိုက်၏။

တော်သေးသည် မည်သူမျှသတိမထားမိတာ။ဖတ်လက်စ စာအုပ်လေးကိုပိတ်ကာ စာကြည့်တိုက်အပြင်သို့ထွက် လိုက်မိ၏။

"ဟုတ် Hyung"

"Busan မပြန်ခင် ညနေစာတူတူသွားစားရအောင်လေ ဘယ်မှာစားချင်လဲ"

"Hyung အဆင်ပြေမယ့်ဆိုင်ရွေးလိုက်လေ ကျွန်တော်က ရတယ်ရယ်"

"အင်း ပေါ့ပေါ့ပါးပါး တစ်ခုကိုရွေးလိုက်မယ်လေ အစာပြေဖြစ်ဖြစ်ပေါ့"

"ဟုတ်ကဲ့ hyung"

"အဖွား အိမ်ကိုပြောင်းနေပါ့လား အဆောင်မှာနေတာထက်စာရင်လေ"

"အဆင်တော့ပြေပါတယ်"

"အဖွားကပျင်းနေတယ်ထင်တယ် hyung ဟိုတနေ့က သွားတော့ မကြာကြာထက် သူ့စီမှာလာနေစေချင်နေတာ"

"ဟုတ်~"

"Hyunee လေးပြောင်းမယ်ဆိုပြောလေ hyung ပါလာနေမယ်"

"တစ်ကယ်ကြီး!"

"တစ်ကယ် hyung ပြောင်းလာခဲ့မယ်"

"အဲ့ဒါဆို omma တို့စီပြန်ပြီးမှ ပြောင်းကြတာပေါ့ အဖွားကိုလဲ ကြိုပြောထားမှနဲ့တူတယ်"

"Hyung လှမ်းပြောထားရမလား"

"ဟင့်အင်း hyung ကိုယ်တိုင်သွားပြီးပဲပြောလိုက်တော့မယ် ဒီနေ့အားတယ်ရယ်"

"အင်း ဟုတ်ပြီလေ"

"ဒါပဲနော် hyung"

"Okay bye~"

စာကြည့်တိုက်ထဲပြန်ဝင်ကာ ဖတ်လက်စ စာအုပ်လေးအား လက်စသတ်လိုက်သည်။စာအုပ်စင်၌ ပြန်ထားကာ လွယ်အိတ်ယူ၍ ပြန်ရန်ပြင်လိုက်၏။

Taxi စီးလျှင် ၁၅ မိနစ်မျှသာ စီးရမည်ဖြစ်သော်လည်း အေးဆေးသွားချင်၍ မိနစ် ၃၀ မျှသာကြာသော ခြေလျှင်ခရီးကို စတင်လိုက်၏။

အုံ့တုံ့တုံ့ဖြစ်နေသော ကောင်းကင်ကြီးအား မော့ကြည့်ကာ ကျေးဇူးတွေတင်မိပြန်၏။

နေမပူတော့ လမ်းလျှောက်ရတာ သက်သာသည်လေ။

ထို့အတူ အတွေးများသည်လဲ ခြေလှမ်းတစ်လှမ်းတိုးလာတိုင်း ပျံ့လွင့်စမြဲသာ။

Perfect StrangerWhere stories live. Discover now