^67^

1.8K 298 29
                                    

💌ငါရောက်ပြီ Baekhyunee

"Omma သားသွားတော့မယ်"

"နွေးနွေးထွေးထွေးဝတ်သွားဦးနော် သားငယ်"

"ဟုတ် omma"

ကျွန်တော်ခြံရှေ့ထွက်လာတော့ drama ကားထဲကလို မင်းသားမဟုတ်သော်ငြား ပြည့်စုံမှု့အချို့ထင်ဟပ်နေသော တစ်စိမ်းသူသည် ကားကိုမှီကာ မတ်တပ်ရပ်နေ၏။

"စောင့်လိုက်ရသေးလား Chanyeol"

ကျွန်တော် တစ်ဖက်ကထိုင်ခုံတွင် ဝင်ထိုင်ကာမေးလေတော့ တစ်စိမ်းသူသည် ပြုံး၍ ပြန်ဖြေလာခဲ့သည်။

"ဟင့်အင်း မစောင့်လိုက်ရပါဘူး"

"အခုဘယ်သွားမှာလဲ Chanyeol"

"Imm တစ်နေရာရာပေါ့။ ဘယ်လိုလဲ သိချင်လား"

"အင်း ပြောပြလေ"

"မင်း ပျော်လောက်မှာပါ မဟုတ်ဘူး မင်းပျော်ကို ပျော်စေရမယ်"

တစ်စိမ်းသူသည် ကားမောင်းရင်း ကျွန်တော့်ဘက်လှည့်ကာ ယုံကြည်မှု့ရှိလွန်းစွာ ပြောလာခဲ့၏။

"ဟုတ်ပြီ မင်းစကားနဲ့မင်းနော် Chanyeol"

ကျွန်တော့်၏ ယုံတစ်ဝက် မယုံတစ်ဝက်ဖြစ်နေသော စကားကို တစ်စိမ်းသူသည် အားရပါးရ ရယ်မောလာ၏။

"နေရတာဘယ်လိုနေသေးလဲ Baekhyunee"

"အင်း အဆင်ပြေပါတယ် သိပ်မစားနိုင်သေးတာက လွဲလို့"

"ဆရာဝန်က ဘာမှာလိုက်သေးလဲ"

တစ်စိမ်းသူသည် ကျွန်တော့်အပေါ်၌ စိုးရိမ်မှု့လွန်ကဲနေ၏။

ကျွန်တော်သည်လည်း ထိုသို့သော ဂရုစိုက်မှု့များအား လွန်စွာပင် သဘောကျလေသည်။

ငါ အရမ်းကိုလောဘကြီးနေမိပြီ တစ်စိမ်းသူ။

"အားလုံးကောင်းသွားပြီ သောက်ဖို့တော့ မဖြစ်နိုင်သေးဘူးတဲ့"

"လူဆိုးလေး သောက်သေးတာပေါ့"

ကျွန်တော့်ပါးအားချစ်စနိုးဖြင့်လှမ်းဆွဲသော တစ်စိမ်းသူသည် ကျွန်တော့်အား ကလေးတစ်ယောက်လို မြင်ယောင်နေသလိုပင်။

"ကြာပါပြီကွာ ဒီလိုပဲ သောက်ခဲ့ဖူးတယ်"

"နောက်ခါမသောက်နဲ့နော် ကျန်းမာရေးဂရုစိုက်ပါကွာ။ ငါစိတ်ပူတယ်"

Perfect StrangerWhere stories live. Discover now