^18^

3.5K 441 33
                                    

"သားကျန်းမာရေးဂရုစိုက်နော်"

မျက်ရည်လေးဝဲကာပြောလာသော ဖွားဖွား။ ထို့နောက် ဝမ်းနည်းစိတ်ကိုမနည်းဖုံးကွယ်ထားကာပြုံးပြသော Omma။

"Omma ကော ကျန်းမာရေးဂရုစိုက်ပါ"

"အင်းပါ ဖုန်းဆက်ဖို့လဲမမေ့နဲ့နော်သား"

"စိတ်ချပါ"

ကျောပိုးအိတ်ကိုပြင်လွယ်ကာ Passport ကိုလက်ကနေကိုင်လျှက် ဝင်ဖို့ရာပြင်ဆင်လိုက်တယ်။

"Omma သား သွားတော့မယ်"

"အေးပါသား ကောင်းကောင်းသွားနော်"

ဖွားဖွားအား အားရပါးရ ဖက်လိုက်ကာ လက်ပြလျှက် UK terminal gate အား ဝင်လာခဲ့သည်။ညဘက်ထွက် သည့် flight ဖြစ်တာကြောင့် အိပ်လိုက်ဖို့ရာအဆင်ပြေ၏။ သို့သော် 14 နာရီလောက် စီးနင်းရမည်ဖြစ်၍ မည်သို့အချိန်ဖြုန်းရမလဲဟုသာတွေးနေလိုက်၏။

လေယာဉ်ပေါ်တက်လို့ရပြီဖြစ်၍ လက်မှတ်ပြကာ တက်လာလိုက်၏။

ပြတင်းပေါက်ဘေးတွင်ဖြစ်သည်မို့ ဘေးနားကခရီးသည်နှစ်ဦးမလာခင်ဝင်ထိုင်လိုက်ရ၏။ သက်တောင့်သက်သာ ဖြစ်အောင်ထိုင်လိုက်ရင်း ဘာရယ်မဟုတ် ဖုန်းအား ဟိုကြည့်ဒီကြည့်လုပ်နေလိုက်သည်။

ဘေးနားက လူဝင်လာသောကြောင့် အသာမော့ကြည့်မိရာ ရွယ်တူလောက်ရှိသောကောင်လေးတစ်ယောက်ပင်။

နှုတ်ခမ်းထူထူတို့အား အသည်းပုံဖြစ်သည်အထိပြုံးပြကာဘေးတွင်ဝင်ထိုင်လာတာကြောင့် အလိုက်သင့်ပြန်ပြုံးပြ လိုက်ရ၏။နောက်ထပ်ဘေးစွန်းတွင် ဝင်လာသော ကောင်လေးတစ်ယောက်။ သူသည် ကျွန်တော်တို့ထက် ပို၍ငယ်ပုံပေါက်၏။

သူတို့လဲကိုယ့်လိုကျောင်းသွားတက်တာပါဟုတွေးလိုက်ရင်း လေယာဉ်စထွက်တော့မည်ဖြစ်တာကြောင့် ဖုန်းပိတ်ကာ ခါးပတ်ပတ်လိုက်၏။

နာရီဝက်လောက်အကြာတွင် ကောင်းကင်ပေါ်ဆန်တက်နေသောလေယာဉ်ကြောင့် ကျွန်တော်ဟာ ဒီမြေကနေ ထွက်ခွာသွားပြီဟူသောအသိတို့က ကပ်ငြိလျှက် တစ်စုံတစ်ဦးအား သွား၍သတိရမိသေးသည်။

ကောင်းကင်ယံသည် ညဘက်ဖြစ်သည့်အတွက်ကြောင့်မည်းမှောင်နေ၏။

Perfect StrangerDonde viven las historias. Descúbrelo ahora