^32^

3.2K 495 63
                                        

📩 Baekhyunee ငါရောက်ပြီ

အစကအနည်းငယ်အိပ်ချင်နေတဲ့စိတ်တောင် အခု ဘယ်ပျောက်လို့သွားမှန်းမသိ။

📩အင်း ငါလာပြီ

Kyung Soo အားနှုတ်ဆက်ခဲ့ပြီး ကျောင်းပေါက်ဝတွင်စောင့်နေသော သူစိမ်းသူရှိရာသို့ထွက်လာခဲ့လိုက်သည်။

အဝေးကကြည့်ရင်တောင်ထင်းနေသောပါးချိုင့်နှင့်ပြုံးနေသော တစ်စိမ်းသူသည် သိပ်ကိုကြည့်၍ကောင်းလွန်း နေခဲ့သည်။

"အိပ်ရေးရော ဝ ရဲ့လား"

"အင်း ဝ ပါတယ်"

ရုတ်တစ်ရက် နှာခေါင်းအားလာဆွဲသောသူ့ကြောင့်ကျွန်တော်လန့်သွားမိ၏။

သူ့စိတ်ထဲဘာတွေရှိနေတာလဲ။

"သွားမယ်လေ"

မသိချင်ယောင်ဆောင်ကာ အရှေ့ကနေဖြတ်သွားဖို့ပြင်တော့ ကျွန်တော့်အရှေ့ပိတ်ကာမေးလေရဲ့။

"နေဦး မနက်စာဘာစားခဲ့လဲ Baekhyunee"

"Water!"

"ဟာ အဲ့လိုလုပ်လို့ဘယ်ရမလဲ ရေရှည်ဆိုရင်ကွာ ကျောင်းဖွင့်ရက်တွေကော အဲ့လိုပဲလား"

ကျွန်တော်အမြဲတမ်း မနက်စာကို စားဖြစ်အောင်စားလေ့ရှိသည်။ ကျွန်တော်မစားလဲ Kyung Soo တို့က အတင်းကျွေးသည်မို့ အမြဲစားဖြစ်သည်။ ယနေ့တော့ ရင်တွေခုန်နေလွန်းလို့ ကျွန်တော်ဘာမှမစားနိုင်ခဲ့ပေ။ ရေတောင်အနိုင်နိုင် မြိုကျအောင်မနည်းသောက်လာခဲ့ရသည်လေ။

"ပူမနေနဲ့ မနက်စာ free ရတယ် okay"

"ရော့ ဒီချိုချဉ် ငုံထား"

အိတ်ကပ်ထဲကနေထုတ်ကာ ဖောက်ပြီးပေးလာတော့ ကျွန်တော်မငြင်းမိဘဲ ပါးစပ်ထဲကောက်ထည့်လိုက်သည်။

"ကျေးဇူး"

ခံတွင်းတွင်ခံစားနေရသော ထိုအရသာလေးအား ကုန်သွားမှာအလွန်ကြောက်နေမိ၏။

လမ်းကဆိုင်တွင်ကျွန်တော့်အတွက်ဆိုကာ အသားညှပ်ပေါင်မုန့်ကိုအပြေးဝယ်ပြီး ကျွေးသေးသည်။

ငါ့ကိုမင်းဂရုစိုက်မှု့တွေနဲ့ နစ်မွန်းအောင်မလုပ်စမ်းပါနဲ့ သူစိမ်းသူရာ။

Perfect StrangerWhere stories live. Discover now