"Hyung!!!"
Omma နှင့်စကားရပ်ပြောနေသော hyung အားမြင်လိုက်သည်နှင့် ကျွန်တော်ပြေးဖက်လိုက်မိသည်။
Hyung ကလဲ ပြန်လည်ဖက်တွယ်လာပြီး ကျွန်တော့်ဆံပင်လေးတွေကိုအသာဖွပေးနေသည်။
"လွမ်းနေတာ hyung ရာ"
ခွေးပေါက်လေးလို hyung ရင်ထဲ တိုးဝှေ့ကာချွဲလေတော့ Hyung က ခပ်ဖွဖွရယ်လေ၏။
"ကောင်ဆိုးလေး ဒီက omma ကိုကျမလွမ်းဘူး"
"အာ Omma ကလဲ လွမ်းပါတယ်ဗျာ"
"ကဲပြောပါဦးသားနှစ်ယောက်လုံး ဘယ်နှနှစ်တောင်ရှိနေပြီလဲ ဟောဒီက Omma ကို ပစ်ထားတာ။ ပြန်လာဖို့အရေး မနည်းကို ပင့်ရတယ်နော် Hyunee လေး အဆိုးဆုံးပဲ"
Omma လက်မောင်းလေးအားတွဲခိုလိုက်ကာ အသာချွဲနေလိုက်၏။
"Omma ကလဲ ချစ်တယ်လေနော် နော်လို့ ဟောဒီက ပူတူးလေးကိုချစ်တယ်မှတ်လား"
"သွားပါ အခုမှ မချစ်ချင်ပါဘူးနော်"
"Appa ရော"
"သန့်စင်ခန်းခနသွားတယ်"
Hyung နား တိုးတိုးလေးကပ်ကာ
"အကို Yixing ရော Hyung"
"မင်းအကို Yixing က နောက် flight မှ ရောက်လာလိမ့်မယ်။ သူ့သူငယ်ချင်းဆီလိုက်လည်တယ်လေ"
"ထင်ပါတယ်လို့ နို့မို့ဆို hyung ကို တစ်ယောက်တည်း လွှတ်မှာ မဟုတ်ပါဘူးလို့"
"ဒီကလေးတော့"
Appa လဲ လာရော ကျွန်တော်ခုန်စွခုန်စွနှင့် လက်ပြနေမိသည်။
"Appa နေကောင်းတယ်မှတ်လား"
"ကောင်းပါ့ ငါ့ သားတွေရာ"
"ကဲသွားကြရအောင်လေ သား Hunnie က Hyunee နဲ့အတူလာခဲ့နော် အန်တီတို့ကအရင်သွားနှင့်မယ်"
"Omma သား မောင်းပေးမယ်"
Hyung က Omma ဆီက ကားသော့တောင်းကာ Luggage တွေဆွဲကာ Appa နှင့် ထွက်သွားလေပြီ။
ထိုအခါမှ ကျွန်တော့် Luggage ဆွဲကာ ရပ်နေသော Sehun က အနားရောက်လာ၏။
"ငါတို့က taxi နဲ့ သွားမှာလား Oh Se"
"လာစမ်းပါ ငါ့နောက်က လိုက်ခဲ့ မင်း ရှိုးမပဲ့စေရဘူး အာမခံတယ်"
ESTÁS LEYENDO
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]
