^23^

3.2K 444 32
                                    

ကျောင်းပိတ်ထားသည့်အတွက်ကြောင့်ပျင်းရိကာ ဘာမှမလုပ်ချင်။ Jung Woo တို့ကတော့ အလုပ်ရနေတာ ကျောင်းကိုပတ်လိုက် ဓာတ်ပုံရိုက်လိုက်နှင့် စားချိန်ဆို ကျွန်တော်နှင့် Kyung Soo ချက်ထားသည်ကို လာစားလိုက်နဲ့ အတော်ကိုသာယာနေတာ။

ဟူးစ်! ဒီနေ့တော့ ဘာမှလုပ်စရာလဲမရှိ။ ဖတ်နေတဲ့စာအုပ်ကလဲ ပြီးသွားပြီဆိုတော့ နောက်ထပ် စိတ်ဝင်စားစရာ ရှာမတွေ့ခင်အထိဘာမှမယ်မယ်ရရ အချိန်ပေးရဦးမှာမဟုတ်ပေ။

KyungSoo ကိုလှမ်းကြည့်တော့လဲ နားထဲနားကြပ်ထိုးကာ စောင်ကိုဆွဲခြုံ ကုတင်ခေါင်းရင်း၌ ခေါင်းဦးကိုမှီကာ သူ့မျက်နှာနီးနီးရှိတဲ့ tablet ကိုပေါက်ထွက်မတက်ကို သည်းကြီးမည်းကြီးကြည့်နေတာ။

သေချာပါတယ် သူ ဇာတ်ကားကြည့်နေတယ်ဆိုတာ။

Kyung Soo က စံတင်ထားလောက်တယ် ရုပ်ရှင်ကြည့်တဲ့ skill ကတော့ ဘယ်သူမှလိုက်မမှီဘူး။ ဟိုတစ်ခါက Sunday အပြင်ထွက်လည်တော့ 4D ရုပ်ရှင်မကြည့်ဖူးဘူးဆိုကာ သုံးယောက်သား သွားကြည့်ကြတာ အဲ့မှာသူ့ skill ကိုမြင်ပြီး ကျွန်တော်နဲ့ Jung Woo တောင်လန့်သွားရတယ်။

4D ရုပ်ရှင်က ခုံတွေကပါလှုပ်တော့ တော်ရုံမုန့်စားဖို့ဆိုတာမဖြစ်နိုင်။ ကျွန်တော်နဲ့ Jung Woo ဆို ပေါက်ပေါက်ဘူးနဲ့ Cola ဘူးတွေကိုမှောက်မှာဆိုးလို့ ကြမ်းပြင်ပေါ်ချပြီး ခုန်ကိုကုပ်ကပ်ထိုင်နေရတဲ့အဖြစ်။ Kyung Soo ကတော့ အာလူးကြော်ခွက်ကလေးကိုကိုင်ကာ အချဉ်လေးနဲ့တို့စားလိုက် Cola လေးသောက်လိုက်နဲ့ မသိရင် သူ့ခုံတစ်ခုတည်း မလှုပ်တာကြလို့။ အတွဲလိုက်ခုံကြီးမှာသူတစ်ယောက်တည်းအဲ့လိုစားနိုင်တာ နည်းတဲ့ပါရမီမဟုတ်။

အမှတ်တရတွေကတော့များသား။

လူမျိုးမတူတာတို့ ဘာသာစကားမတူတာတို့နဲ့ အခက်တွေ့တာတွေလဲ အမှတ်တရပဲပေါ့။

^Hyunee....^

လင်းကနဲဖြစ်လာသောဖုန်းကြောင့်ကြည့်လိုက်ရာ Oh Se chat box ကနေ massage လှမ်းပို့သည်ပင်။

^Omm^

^ငါ့ကိုတစ်ခုလောက်ကူညီ^

^အေးပြောလေ^

Perfect StrangerWhere stories live. Discover now