^64^

1.7K 274 21
                                    

အခန်းတံခါးကိုတွန်းဖွင့်ကာဝင်လာသော တစ်စိမ်းသူမျက်နှာသည်ပြုံးရွှင်လျှက်။

"နေသာရဲ့လား Baekhyunee"

"အင်း ငါသက်သာနေပါပြီ"

တစ်စိမ်းသူသည် ကျွန်တော့်နဖူးပြင်ပေါ်သို့ နွေးထွေးသောလက်ဝါးပြင်ကိုတင်လိုက်ကာ ဆံနွယ်ခပ်ပွပွအား သပ်ပေးလေရဲ့။

"Chanyeol ငါခေါင်းမလျှော်ရသေးဘူးနော်"

"အဆင်ပြေပါတယ်ကွာ"

ကျွန်တော်ထိုင်နေသောကုတင်ပေါ်သို့တင်ပါးလွှဲဝင်ထိုင်ကာ ကျွန်တော့်လက်ကိုဆုပ်ကိုင်လာလေသည်။

"ဘာလိုဒုက္ခခံပြီးလာနေတာလဲကွာ အားရောအားရဲ့လား။ မနက်ဖြန်ဆိုရင်ပဲ ဆေးရုံဆင်းပြီလေ"

"ငါက မင်းကိုအချိန်တိုင်းတွေ့ချင်နေတာလေ"

ကျွန်တော့်ရင်ထဲနူးညံ့သောလှိုင်းလေးတွေ ဖြတ်သန်းစီးဆင်းသွားလေသည်။

"ငါ့ကိုရင်ခုန်အခုန်လွန်ပြီးဆေးရုံထပ်တက်စေချင်နေတာလား Chanyeol.... ဟင်?"

"ထပ်ပြီးမထိခိုက်စေချင်တော့ဘူးကွာ နောက်ဆိုဂရုစိုက်နော် အူဝဲလေး"

"အင်း..."

"ကြည့်ဦးမျက်နှာလေးကိုချောင်ကျသွားတာ"

တစ်စိမ်းသူသည် ကျွန်တော့်မျက်နှာအား သူ့ရဲ့လက်ဝါးပြင်ကျယ်ဖြင့်အုပ်မိုးကာ မျက်လုံးချင်းဆုံစေ၏။

"နဲနဲပါကွာ မင်းကလဲ"

"ညနေဘာစားချင်လဲ Baekhyunee"

"မင်းလာမှာလား Chanyeol"

"သေချာပေါက် ငါလာမှာပေါ့။ ဘာလို့လဲဟင်"

"ဟင့်အင်း....ငါနဲ့တူတူလာစားပေးပါလား အလုပ်မရှုပ်ဘူးဆိုရင်လေ"

"ဖိတ်ကြားမှု့အတွက်ကျေးဇူးတင်ပါတယ်"

တွေးပူနေသောသောကများကိုမှတ်ဥာဏ်ထဲမှမေ့ပျောက်သည့်အထိ ကျွန်တော်နှစ်ခြိုက်စွာရယ်မောမိသည်။

ထို့အတူ တစ်စိမ်းသူသည်လဲ သွားဖွေးဖွေးညီညီလေးတွေပေါ်သည်အထိ ကျွန်တော်နဲ့အတူလိုက်လံရယ်မောလျှက်။

Perfect StrangerWhere stories live. Discover now