^35^

3.1K 440 46
                                        

ယနေ့မှ ညဘက်မြင်ကွင်းသည် ယခင်နေ့များထက်ပို၍ကြည့်ကောင်းနေပေသည်။

လွန်ခဲ့သော နေဝင်ချိန်များကအချိန်များကိုပြန်တွေးမိချိန်တွင်မျက်နှာထက်ဝယ်အပြုံးများသည်မဖိတ်ခေါ်ပါပဲ ကျရောက်၍လာခဲ့သည်။

"Chanyeol ဘာတွေတွေးနေတာလဲ"

"မဟုတ်ပါဘူး ငါ အိပ်မက်မက်နေတယ်မှတ်တာ"

ကျွန်တော့်လက်ဝါးထဲသို့တွဲခိုလာသောလက်သွယ်သွယ်ကိုငုံကြည့်မိတော့ သူသည် ကျွန်တော်မမြင်ခဲ့ဖူးသောအပြုံး များနှင့်ပြုံးပြလာခဲ့သည်။

"ထင်သေးလား အိပ်မက်လို့"

"ဟင့်အင်း ငါ လက်ရှိဘဝမှာတင်အချိန်တွေရပ်တန့်သွားသလိုကိုခံစားလိုက်ရပြီ"

သူသည်ခပ်ဖွဖွရယ်ကာလမ်းဆက်၍လျှောက်နေခဲ့သည်။

"Chanyeol "

သူ ထိုသို့ခေါ်သံသည် ကျွန်တော့်နားထဲတွင်သိပ်နားဝင်ချိုလှ၏။ ရင်ထဲတွင်တစ်မျိုးလေးပင်။

"အင်း ပြောလေ"

"ညစာဘာစားချင်လဲ"

"မင်းရော?"

မျက်နှာခပ်တည်တည်ဖြင့် အလိုမကျသလိုလှည့်ကြည့်လာ၏။

"ငါမေးတာကို ငါ့ကိုပြန်မမေးနဲ့လေကွာ။ မင်းစိတ်ထဲရှိရာပြော"

"အင်း ဘာမဆိုအဆင်ပြေပါတယ် "

"တစ်ကယ်နော်"

သူသည်အနည်းငယ်ပြုံးနေသလိုပင်။

"အင်း တစ်ကယ်"

"အာ့ဆိုလာ သွားမယ်"

ကျွန်တော့်ကိုတွဲကာသူသည် တစ်နေရာကိုဦးတည်သွားနေ၏။

"Chanyeol မင်း hotel အခန်းမှာ Kitchen ပါတယ်မဟုတ်လား"

"အင်း ပါတယ်လေ ငါတောင်ဘာမှမချက်တော့ ရောက်ထဲက ဒီအတိုင်းပဲ"

"ရပြီအာ့ဆို"

သူသည် ကျွန်တော့်လက်ကိုတွဲလျှက်ပင် market ထဲသို့ဝင်သွား၏။

"မဟုတ်မှ ချက်စားမလို့လား Baekhyunee"

"Bingo!!! လာ သွားမယ် အချိန်မရှိဘူး"

Perfect StrangerWhere stories live. Discover now