^78^

1.2K 110 6
                                    

အချိန်အခါမဟုတ်ရွာသွန်းလာတဲ့မိုးစက်တွေကိုကြည့်ပြီး တွေတွေလေးငေးမောနေမိသည်။

ထို့အတူ စိတ်အစဉ်ကလည်း အစီစဉ်တကျမရှိလေပဲ ရောက်တက်ရာရာကိုသာ တွေးနေမိရင်း လွန်ခဲ့သော နှစ်ရက်ခန့်လောက်က omma  ဖုန်းဆက်လာသည့်အကြောင်းအရာများဆီသို့ ဦးတည်ရာပြောင်းသွားခဲ့ပြန်သည်။

သားနှစ်ယောက်လုံးရေမြေခြားမှာရောက်နေသည် ကတစ်ကြောင်း ၊ အလုပ်ကိစ္စတွေများနေသည်ဟုဆိုပြန်ကာ Appa အိမ်ပြန်မလာတာ ၃ လလောက်ပင်ရှိကြောင်း Omma ထံမှတစ်ဆင့်ကျွန်တော်ကြားသိခဲ့ရသည်။

လာမည့်အပတ် Sunday တွင်ရှိသည့် ကျွန်တော့် convocation အား မိစုံဖစုံတက်ရောက်နိုင်စေရန် လမ်းကြောင်းပေးကြည့်သော်ငြား Omma နှင့် ဖွားဖွားသာ လာမည်ဖြစ်သည်။

Hyung တုန်းကအဝေးရောက်ဘွဲ့ယူခဲ့ရကာ ချက်ချင်းပညာတော်သင်သွားခဲ့သည်မို့ ကိစ္စမရှိခဲ့သော်ငြား အငယ်ဖြစ်သည့်ကျွန်တော် ကတော့ လောဘတက်မိသည်။

အတွေးအချို့ကိုဖြတ်တောက်ကာ သောက်လက်စ လက်ဖက်ရည်ကြမ်းအား အာစွတ်ရုံမျှသာသောက်သုံးလိုက်သည်။

နွေးထွေးမှုမရှိတော့သည့် လက်ဖက်ရည်ကြမ်းက ကျွန်တော့်ကိုလှောင်ရယ်နေသလိုပင်။

သည်းထန်စွာရွာသွန်းခဲ့သောမိုးက ယခုအချိန်တွင် ငြိမ်သက်၍သွားကာ မိုးဖွားအဖြစ်သို့ကူးပြောင်းသွားခဲ့သည်။

ယနေ့ပိတ်ရက်ဖြစ်တာကြောင့် အလုပ်လည်းမသွားရသည်ကတစ်ကြောင်း ၊ ယခုတလော စိတ်တွေထွေနေတာကတစ်ကြောင်းမို့ အခန်းထဲကနေ ဘယ်မှမထွက်ဖြစ်ပေ။

ကျောင်းပြီးသည့်နောက် Kyung Soo  က အမိမြေပြန်ကာ မိသားစုနှင့် Convocation မတိုင်မှီပြန်လာမည်ဖြစ်ပြီး Jung Woo ကတော့ ချစ်ရသူနဲ့ တစ်အိမ်တည်းနေလေသည့်အခါ ကျွန်တော်သည်လည်း one room ငှားကာ Professor ၏အလုပ်၌ အလုပ်ဝင်ခဲ့သည်။

ခပ်အေးအေးလက်ဖက်ရည်ကြမ်းအား အသစ်လဲလှယ်ယူရန်အထ အချိန်ကိုက်ဝင်လာသော notification က Sehun  ဆီကပင်။

စာပြန်ဖို့ထက်အခုချိန်စကားပြောဖော်လိုနေသည်မို့ အားမအားမေးက ချက်ချင်းပင်ဖုန်းခေါ်လိုက်သည့်အခါ ညအိပ်ဝတ်စုံပင်မလဲရသေးသည့် Sehun  မျက်နှာဟာ ကြည်ကြည်လင်လင်ပေါ်လာခဲ့သည်။

Perfect StrangerWhere stories live. Discover now