^51^

2.3K 376 57
                                    

"သားခနထိုင်ဦးနော် အန်တီသောက်ဖို့တစ်ခုခုယူပေးဦးမယ်"

"ရပါတယ်ဗျ"

"အို ဘယ်ဟုတ်ရမလဲ သားရဲ့သူငယ်ချင်းဆိုတော့ အန်တီ့သားပဲပေါ့ကွယ်"

အန်တီထံမှ နွေးထွေးသောအပြုံးတို့သည် စိမ်းသက်၍မနေခဲ့ပေ။

ပြုံးရယ်လိုက်လျှင် လှပသောနှုတ်ခမ်းတစ်စုံဖြစ်ဖြစ်သွားတက်သော Kyung Soo နှုတ်ခမ်းများသည် အန်တီထံမှ အမွေရထားသည်မှာ အသေအချာပင်။

"Green tea လေးပဲလုပ်ခဲ့တယ်သားရေ ရာသီဥတုကလဲအေးအေးလေး ပြီးတော့ ကျန်းမာရေးနဲ့ညီညွတ်တယ်လေ"

အန်တီကမ်းပေးလိုက်သော လက်ကိုင်ကြွေခွက်လေးအားလက်နှစ်ဖက်ဖြင့်ယူလိုက်သည်။

အန်တီ့ ရှေ့တွင်လဲ ကျွန်တော်နှင့်ပုံစံတူသော green tea တစ်ခွက်ရှိနေပေသည်။

"သွေးလည်ပတ်မှု့လဲကောင်း ရင်လဲချောင်တော့ သားငယ်လေးဆိုသိပ်ကြိုက်တာ။ သားရဲ့သူငယ်ချင်းကတော့ black coffee မှ black coffee ပဲ"

Kyung Soo တွင် ကျွန်တော်မကြားဖူးသော ညီလေးရှိနေသည်လား။

"နဲနဲနွေးသွားပြီဆိုတော့ အပေါ်တက်ရအောင်လေ သား"

"ဟုတ်ကဲ့ အန်တီ"

လာရာလမ်းအတိုင်းပြန်ထွက်လာခဲ့ကာ အိမ်ဘေးရှိ ကျွန်းလှေကားလေးကနေတက်လာတော့ အခန်းများစွာဖွဲ့ထားခြင်းမရှိပါဘဲ အနေတော်အခန်းလေးနှစ်ခန်းနှင့် ဆိုဖာခုံတွေသာချထားသော ဧည့်ခန်းလေး။

"အပေါ်ထပ်က သား တစ်ယောက်တည်းနေလေရဲ့ တစ်ခါတစ်ခါတော့ သားငယ်လေးပါလာနေတယ်။ အခုတော့ သားငယ်လေးက သူ့အစ်ကိုမရှိလို့ မလာတာတောင်ကြာပေါ့။ အခုသားက အပေါ်ထပ်ကိုပထမဦးဆုံးလာတဲ့ ဧည့်သည်ပဲ"

"အာ...ဟုတ်ကဲ့"

အပေါ်ထပ်တွင်တော့ ဓာတ်ပုံလေးများလဲ နံရံတွင်ချိတ်ထားသလို ထူးချွန်တံဆိပ်များနှင့် အောင်လက်မှတ်အချို့ ကိုလဲ သပ်ရပ်စွာ ထိန်းသိမ်းထားလေ၏။

ကျွန်တော်ဆို အိမ်က တစ်နှစ် ၃ ခါလောက်လိုက်ပြောင်းနေသူမို့ ထိုကဲ့သို့သော ပစ္စည်းများသည် တစ်စုတစ်စည်းတည်းရှိမနေ။

Perfect StrangerWhere stories live. Discover now