^26^

3.3K 421 34
                                    

"Oh Sehun ကောင်းကောင်းသွားဦး"

"အင်းပါ မင်းလဲ ကျန်းမာရေးဂရုစိုက်ဦးနော်"

"အင်း ကောင်းကောင်းသွား အိမ်ရောက်ရင်ဖုန်းဆက်ဦး"

"အင်း"

Flight အချိန်နီးပြီမို့ gate ထဲ ဝင်ခံနီး Sehun အားမှာနေသည်မှာမပြီးတော့။ Heathrow ကနေ Incheon airport အထိဆိုစီးသွားရမှာက 10 နာရီနဲ့ 55 မိနစ်။ အိမ်ဦးနဲ့ကြမ်းပြင်လိုရောက်ချလာတဲ့ Sehun ကို အတော်ချီးကျူးမိတယ်။

မနက်ခင်း flight ဖြစ်တာမို့ လိုက်ပို့ရတာအတော်အဆင်ပြေသည်။ ညဘက်ဆိုလဲကိစ္စမရှိပါဘူး တစ်ယောက်တည်း ရှိတဲ့ ဒီသူငယ်ချင်းလေးကို လိုက်ပို့ရမှာကျွန်တော့်တာဝန်ပင်။

Heathrow ကနေကျောင်းထိပြန်ဖို့ရာ taxi ငှားလိုက်ကာ ပျံသန်းသွားသော လေယာဉ်ကြီးကိုကြည့်ပြီး ရင်ထဲဟာခနဲပဲ။ထိုလေယာဉ် ၌  Sehun ပါသွားလား မသွားလား မသိပေမယ့် ကျွန်တော်မမြင်ရတော့သည့်တိုင် ငေးကြည့်နေမိသည်။

အော် အချိန်တန်ရင် ဘယ်အရာမဆို ဘေးနားကနေပျောက်ကွယ်သွားကြမှာပါလားနော်။

ကားနောက်မှီအားမှီလိုက်ကာ နားကြပ်တပ်လိုက်ပြီး သီချင်းနားထောင်ရန်ပြင်လိုက်၏။ တစ်အေးအေးနှင့် နားစည်ထဲသို့ ဖြတ်သန်းစီးဆင်းလာသည့် သီချင်းသည် ခံစားချက်တွေနှင့်မတိုက်ဆိုင်သော်ငြား မိမိနှင့်လက်ရှိထိတွေ့နေသောဘာသာစကားတစ်ခုဖြစ်သည့်အတွက် အဓိပ္ပါယ်အား လိုက်ဘာသာပြန်နေမိ၏။

ကားပြတင်းပေါက်ကိုကြည့်ကာ ပြုံးလိုက် ရယ်လိုက်၊ တွေဝေလိုက်ဖြစ်နေသောကျွန်တော့်ကို လူဖြူကားဆရာကြီးမှ ကားဘက်မှန်ကနေ လှည့်ကြည့်သည်အထိ ကျွန်တော်သီချင်းကိုစီးမြောတာ အတော်လွန်သွားတယ်ထင်၏။

"ကောင်လေး မင်းအသည်းကွဲနေတာလား?"

ဒီကဘာသာပြန်နေတာပါ။သူကဘယ်လိုတွေထင်သွားလဲမသိဘူး။

"No Mr"

"Okay Let it be"

အခုမှပဲ သက်ပြင်းကို ဟူးခနဲချလိုက်မိ၏။

"Thanks "

သူ့ဘာသူသာအရှေ့ကိုအာရုံစိုက်ပြီးမောင်းနေတော့တာမို့လို့သာအဆင်ပြေတော့သည်။ သို့သော် နားကြပ်ကိုတော့ ပြန်မတပ်တော့ဘဲ ဖုန်းမှဖြုတ်ကာ အိပ်ကပ်ထဲထိုးထည့်လို့၏။

Perfect StrangerWhere stories live. Discover now