^59^

2K 310 58
                                    

ထိုင်စောင့်နေရင်း ဝင်လာသော ကျွန်တော့်လက်ထဲက hyunee ၏ ဖုန်း။

ခေါ်ဆိုသူမှာ Chanyeol ဆိုသည့် နံပါတ်မှဖြစ်ပြီး အချိန်အားဖြင့် ၄၅ မိနစ်ပင်ကျော်၍နေပြီ။

ပူလောင်နေသောစိတ်ကြောင့် ယခုအချိန်အတွင် မည်သူမျှအကောင်းမပြောနိုင်သလို အကောင်းလဲမမြင်နိုင်ပေ။

ဤသို့ထိခိုက်မှု့၏ တစ်စိတ်တစ်ပိုင်းတွင်ပါဝင်ပတ်သက်နေမည်ဟုတွေးထင်ကာ မညှာမတာပင် ဖုန်းကို power off ပစ်လိုက်သည်။

ငါမင်းကိုမသိချင်ယောင်ဆောင်ပေးခဲ့တာများပြီ။

ငါချစ်ရတဲ့သူငယ်ချင်းရဲ့အပြုံးတစ်ပွင့်နဲ့တင် ငါ သည်းခံခဲ့ပေါင်းလဲများပြီ။

ဒီတစ်ခါတော့ ငါ ဆက်ပြီးငြိမ်မနေနိုင်တော့ဘူး။

ထိုကဲ့သို့သောအတွေးများ၏နောက်ကွယ်တွင် ကြည်နူးစရာမကောင်းသောအတိတ်တချို့ကပုံရိပ်သဖွယ် အတွေးများအတွင်းသို့ကျူးကျော်လာလေသည်။

မိုးရေထဲမှာနာရီပေါင်းများရပ်တန့်နေခဲ့ဖူးသည့် hyunee။

ပူပြင်းလှတဲ့နေရောင်အောက်မှာ စိတ်လွတ်နေသလိုပြေးလွှားဖူးခဲ့တဲ့ hyunee။

မမြင်အပ်သောမြင်ကွင်းအားတွေ့ခဲ့စသည့် hyunee။

ထိုမျှသော အကြီးအမားဆုံးနာကျင်မှု့များ၏အရင်းခံသည် သူသိပ်ချစ်ရပါသော Chanyeol ဖြစ်နေသည့်အတွက် မသိချင်ယောင်ဆောင်ပစ်ခဲ့သည်။

ကိုယ့်သူငယ်ချင်းကိုသာ ပြုံးနေအောင် အစွမ်းကုန်ဖြည့်ဆည်းပေးခဲ့သည်။

တစ်ခါတစ်ခါ ဒေါသထွက်လွန်း၍ မင်းတစ်လှည့်လောက်ခံစားကြည့်ပါလားဟု ထိုးကြိတ်ကာပြောချင်မိသည်။

မိမိလုပ်ရပ်သည် သူငယ်ချင်းအပေါ်ထိခိုက်သွားမည်စိုး၍ ထိပ်တိုက်ပင် မတွေ့ဆုံခဲ့။

ယခုတွင်တော့ ကျွန်တော်သည် ဖြစ်လာမည့်အရာအားလုံးကို ကိုင်တွယ်ဖြေရှင်းတော့မည်ဟု ဆုံးဖြတ်ချက်ချမှတ် ပြီးဖြစ်လေသည်။

"Sehun"

Minseok hyung နှင့်အတူ အကူ ဒေါက်တာလေးနှစ်ဦးပါဝင်ရောက်လာသည်ကြောင့် ကျွန်တော် ထိုင်နေရာမှ အလိုက်သတိပင် ထရပ်ပေးလိုက်သည်။

Perfect StrangerOpowieści tętniące życiem. Odkryj je teraz