"Õ ji san..... ငါတို့ထက်မပတ်သက်ကြရအောင်"
"ဟင်? Chanyeol san"
"အခုကော နောက်ကော ငါ့ကိုမတမ်းတပါနဲ့တော့ ငါ ချစ်တဲ့သူနဲ့ ငါပျော်ပျော်ရွှင်ရွှင်နေသွားချင်ပြီ"
"မဟုတ်ဘူးလေ Chanyeol san"
"ငါသွားတော့မယ်....နှုတ်ဆက်ပါတယ် Õ ji san"
ဦးနှောက်ကိုခေတ္တမေ့ကာ ကျွန်တော်နှလုံးသားကို ရှေ့တန်းတင်ခဲ့မိသည်။
ထိုဆုံးဖြတ်ချက်အတွက် ကျွန်တော်နောင်တရလိမ့်မည်မဟုတ်။
ကျွန်တော် ဘဝကြီးကို ချစ်ရသူနဲ့ လွတ်လပ်စွာ နေသွားချင်ပြီ။
စေသနာနောက်က ကပ်တွယ်မှု့တွေကို မလိုချင်တော့ပေ။
ယခုအချိန်ကစပြီး Baekhyunee အတွက်သာ ဖြစ်တည်ပါ့မယ်။
"Hello Jong Dae"
"အင်း Chanyeol"
"ငါ Baekyunee ကို လုံးဝဆက်သွယ်မရဘူးဖြစ်နေတယ်"
Jong Dae ၏ အံ့ဩသလိုဖြစ်သွားသော လေသံ ထို့နောက် သက်ပြင်းချသံ ခပ်သဲ့သဲ့။
"Hyunee က ဆေးရုံမှာ"
"ဘာဖြစ်လို့လဲ... ထိခိုက်မိတာလားဟင် အခြေအနေအရမ်းဆိုးလား"
"အခုတော့အခြေအနေသက်သာသွားပါပြီ မင်းလာချင်ရင်လာခဲ့လေ"
"ငါ အခုချက်ချင်းလာခဲ့မယ်"
လက်ကနာရီကိုကြည့်မိတော့ နှစ်သစ်ရောက်ရန် မိနစ် ၂၀ အလို။
Jong Dae ရွတ်ပြသွားသော ဆေးရုံသို့ ကျွန်တော် ပြေးလွှားနေမိသည်။
^ငါတို့ နှစ်သစ်ကူးမှာတူတူရှိရအောင်နော်^
ချစ်ရသူတောင်းဆိုခဲ့ဖူးသော ကတိစကားသံသည် နားထဲ၌ တစ်ဝဲလည်လည်။
ငါ ကတိတည်ချင်သေးတယ် Baekhyunee ရာ။
၁၅ မိနစ်ကျော်မျှ ပြေးလွှားပြီးနောက် ကျွန်တော်သည် မောပန်းစွာဖြင့် ဆေးရုံသို့ ရောက်ရှိသွားခဲ့လေပြီ။
သီးသန့် လူနာခန်းတွေဆီသို့ပြေးလွှားသွားသော ကျွန်တော့်ကို သတိလှမ်းပေးနေသော သူနာပြုများလဲ စိတ်ထဲမရှိ။

YOU ARE READING
Perfect Stranger
FanfictionYou are my perfect stranger~ Cover artist- Akiko Kunn ☑️Unicode ✅Zawgyi [error မစစ်ဆေးရသေး]